DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပေါ်တရားစွဲထားသည့် ရွေးကောက်ပွဲအမှု စတင်စစ်ဆေး
DVB
·
March 14, 2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပေါ်တရားစွဲထားသည့်  ရွေးကောက်ပွဲအမှု စတင်စစ်ဆေး
Donate to DVB

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို  မတ်လ ၁၄ ရက် ဒီကနေ့ စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ စတင်ပြီး ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲအမှုအတွက် စတင်စစ်ဆေးခဲ့တာဖြစ်ပြီးတော့ လာမယ့်ရုံးချိန်းကို မတ်လ ၂၂ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ကာ တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးမယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုထားသလို ဝန်ကြီးဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြိုနယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသလို အဂတိမှု ၃  မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသူပါ။

ဝန်ကြီး ဦးမင်းအောင်ကလည်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013