DVB Logo
Home
မြန်မာသတင်း
MSF ရခိုင်ပြည်နယ်က ထွက်သွားရန် ဒေသခံများဆန္ဒပြ
DVB
·
February 24, 2014
MSF ရခိုင်ပြည်နယ်က ထွက်သွားရန် ဒေသခံများဆန္ဒပြ
Donate to DVB

ပဋိပက္ခဖြစ်ပွားနေတဲ့  ရခိုင်ပြည်နယ်အတွင်း  ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အဖွဲ့ကို ရခိုင်ပြည်နယ်ကနေ ထွက်ခွာပေးဖို့  ရာနဲ့ချီ တဲ့ ဒေသခံတွေက စစ်တွေမြို့မှာ  ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_52212" align="alignleft" width="300"]ဓာတ်ပုံ - (ရခိုင်လူမှုကွန်ရက် - စစ်တွေ) ဓာတ်ပုံ - (ရခိုင်လူမှုကွန်ရက် - စစ်တွေ)[/caption]

ရာနဲ့ချီတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်တွေက စစ်တွေမြို့ MSF ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲကို ဦးဆောင်သူ ရခိုင်အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် ဒေါ်ညိုအေးက ခုလို  ပြောပါတယ်။

“သူတို့ဝင်လာတုန်းက ကျန်းမာရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက်အရ ကတိက၀တ်ထားပြီး နှစ်ဖက်စလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်ဆိုပြီး ၀င်လာတာ။ ဒါပေမယ့် ဘင်္ဂါလီလူအဖွဲ့အစည်းတွေကိုပဲ ဘက်လိုက်ကာကွယ်မှုတွေ ကျမတို့ တွေ့ရတယ်။ အခုက ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုတဲ့တိုင်းရင်းသားဖြစ်ဖို့အရေးကို ဆောင်ရွက်တယ်၊ သူတို့က အားပေးအားမြှောက်ပေးနေတာလို့ ကျမတို့ တွေ့မြင်ရတယ်။”

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ရဲ့   မြန်မာနိုင်ငံဆိုင်ရာ  လက်ထောက် အကြီးအကဲ မစ္စတာ  ဆိုင်မွန် ထေလာက Mr. Simon Tyler က တော့ ခုလို ရခိုင်ဒေသခံတွေ ဆန္ဒထုတ်တာကို လေးစားအသိအမှတ်ပြုပေမယ့် ဒီစွပ်စွဲမှုတွေကိုတော့ မဟုတ်မမှန်ကြောင်း  ငြင်းဆိုလိုက်ပါတယ်။

“သဘောထားအမြင်တွေကို ထုတ်ဖော်ဖွင့်ဟကြသူတွေရဲ့  လွပ်လပ်ခွင့်ကို လေးစားရမှာ ပါ။ ယေဘုယျအားဖြင့်တော့  ဒီအခွင့်အရေးကို အသိအမှတ်ပြုပါတယ်။  ဒါပေမယ့်ကျနော်တို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ပြည့်ပြည့်၀၀သိရှိနားလည်ဖို့ MSF အနေနဲ့ ဒေသခံတွေနဲ့ ပိုပြီး စေ့စပ်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကို စွပ်စွဲထားတာတွေဟာ လုံးဝ မှန်ကန်မှု မရှိတာကြောင့်ပါ။”

ဒါ့ပြင် MSF အနေနဲ့ ရခိုင်ပြည်နယ်ထဲက ထွက်ခွာသွားမှာမဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င် ပြည်နယ် အစိုးရ၀န်ကြီးဌာနတွေရဲ့ ထောက်ခံမှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်းနဲ့ အာဏာပိုင်တွေက ဆက်မလုပ်ဖို့ ပြောလာမှ ရပ်တန့်သွားမယ်လို့လည်း မစ္စတာ ဆိုင်မွန်တေလာက ဒီဗွီဘီကို ပြောပါတယ်။

စစ်တွေမြို့ ဆန္ဒပြသမားတွေကတော့  MSF အဖွဲ့ ရခိုင်ပြည်နယ်ကနေ မထွက်ခွာ မချင်း ဆက်ပြီး ဆန္ဒပြမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း   ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်မှာ  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့တဲ့အတွက်လည်း လုပ်ငန်းတချို့ကို  ရပ်ဆိုင်းလိုက်ရဖူးပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013