DVB Logo
Home
Lead Story
အာဖဂန်အမျိုးသမီးအဖွဲ့များ၏ ဖိအားကြောင့် သမ္မတ လိုက်လျောပေးမည့် ဥပဒေ
DVB
·
February 24, 2014
အာဖဂန်အမျိုးသမီးအဖွဲ့များ၏ ဖိအားကြောင့် သမ္မတ လိုက်လျောပေးမည့် ဥပဒေ
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ပေးဖို့ အဆိုပြုလာချက်တွေကို သမ္မတ ဟာမစ်ကာဇိုင်းက တားမြစ်ပိတ်ပင်လိုက်ပါတယ်။

Afghan_Law_web_140222_672အဲဒီဥပဒေဟာ တမိသားစုတွင်း ညှဉ်းပန်း နှိပ်စက်တဲ့ မိသားစုဝင်တွေရဲ့ လုပ်ရပ်ကို ကန့်ကွက်ပြီး သက်သေခံပေးတဲ့ အမျိုးသမီးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက်ပါပဲ။ သမ္မတရဲ့ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရှားရှားပါးပါး ချီးကျူးထောက်ခံခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လကပဲ အာဖဂန်လွှတ်တော်က အာဖဂန်နစ္စတန်နိုင်ငံရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေအပေါ် သေးဖွဲပေမယ့် အရေးပါတဲ့ အပြောင်းအလဲတခု လုပ်ခဲ့ပါတယ်။ သူတို့ဟာ စွပ်စွဲခံရသူ တဦးအပေါ် ဆန့်ကျင်ဘက် သက်သေထွက်ဆိုခဲ့ကြတဲ့ ဆွေမျိုးသားချင်းတွေကို တားမြစ်ကန့်သတ်ခဲ့တာပါ။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အများဆုံးကတော့ မိသားစုတွင်းမှာပါ။ ဒါကြောင့် ဥပဒေဟာ ကျူးလွန်ခံရသူတွေဘက်က ဘာမှပြောခွင့်မရပါဘူး။

ဒါ့အပြင် သူတို့ ခံစားရမှုတွေအတွက် ဖြစ်နိုင်ခြေအရှိဆုံး မျက်မြင်သက်သေတွေကလည်း မိသားစုဝင်တွေပဲ ဖြစ်တာကြောင့် ဘာမှ ပြောခွင့်ဆိုခွင့် မရှိပါဘူး။ ဒီဥပဒေမူကြမ်းကို တရားရေးဝန်ကြီးဌာနရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဦးစီးဌာနက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ မျှတတဲ့ အမှုစစ်ဆေးခြင်း ဖြစ်စေဖို့ပါလို့ ဌာနအကြီးအကဲ အာရှ်ရာ့ဖှ် အာဇီမီက ပြောပါတယ်။

“တရားရုံးက ကျူးလွန်ခံရသူရဲ့ မိသားစုဝင်တွေကို သူတို့ရဲ့သက်သေခံ ထွက်ဆိုချက်တွေ ပေးဖို့ အတင်းအကျပ် လုပ်လာရင်တော့ ဒါဟာ စွန့်စားရတဲ့ကိစ္စတခု ဖြစ်လာပါပြီ။ သူတို့မိသားစုအတွက် တရားသူကြီးကို လိမ်ပြောမိတာတွေ ရှိလာနိုင်ပြီ။ မျက်မြင်သက်သေတွေဟာ အမှုတခုကို စုံစမ်းစစ်ဆေးတဲ့ တခုတည်းသော နည်းလမ်း မဟုတ်ပါဘူး။”

အများစုကတော့ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူတွေနဲ့ မုဒိမ်းသမားတွေ ဥပဒေကနေ ရှောင်ကွင်း လွတ်ထွက်နေမှာကို ကြောက်ရွံ့ပူပန်နေကြပါတယ်။ နောက်ပြီး ဒါဟာ အမျိုးသမီးတစ်ယောက်ရဲ့ အပြုအမူကို သဘောမကျတဲ့ အဖေတွေနဲ့ အစ်ကို၊ မောင်တွေက ဂုဏ်သိက္ခာအရ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာတွေကို အပြစ်ပေးဖို့ မဖြစ်နိုင်ဘူးလို့လည်း အဓိပ္ပာယ်သက်ရောက်ပါတယ်။

တမိသားစုနဲ့ တမိသားစု ရန်ငြှိုး ပြေငြိမ်းအောင် သမီးမိန်းကလေးတွေကို အတင်းအကျပ် အိမ်ထောင် ချပေးခြင်းနဲ့ သတို့သမီး ရောင်းချခြင်း ဒါမှမဟုတ် ကုန်သွယ်ခြင်းတွေဟာလည်း တရားဥပဒေ ထိန်းချုပ်မှုကနေ အတော်ကြီးကို ကွာလှမ်းနေတာပါ။

အာဖဂန် အမျိုးသမီး လွှတ်တော်အမတ် မာဆူဒါ ကာရိုခီကတော့ သူ ဒီဥပဒေကို အတည်ပြုလိုက်တာကို မမြင်ချင်ပေမယ့် သူတို့တွေက အရေအတွက် ပိုများနေပါတယ်လို့ ပြောပါတယ်။

“ဒီဥပဒေကို အတည်ပြုလိုက်တုန်းက အားလုံး စုစုပေါင်း ၂၄၉ ယောက်မှာမှ အမျိုးသမီးက ၆၉ ယောက်ပဲ ရှိတာလေ။ ကျမတို့ မဲ အများကြီး မရခဲ့ဘူး။ အမျိုးသားအမတ်တွေရဲ့ ငြင်းခုံပြောဆိုမှုတွေကလည်း ပြင်းထန်တယ်။ သူတို့က ရှာရီယာဥပဒေအကြောင်း ပိုသိကြတယ်လေ။”

ဒါပေမယ့် ဒီဥပဒေကြမ်းဟာ ဥပဒေတရပ် ဖြစ်လာဖို့က သမ္မတ ဟာမစ်ကာဇိုင်းရဲ့ လက်မှတ်ရေးထိုးဖို့ လိုအပ်နေတာပါ။ ရာနဲ့ချီတဲ့ အာဖဂန်အမျိုးသမီးတွေကတော့ လမ်းမတွေပေါ် တက်ပြီး သမ္မတ ကာဇိုင်း လက်မှတ်မထိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အာဖဂန်အမျိုးသမီးကွန်ရက် အကြီးအကဲ ဟာစီနာ ဆာဖှီက “ကျမတို့က ရာဇ၀တ်မှုဆိုင်ရာ ဥပဒေသစ်နဲ့ အမျိုးသမီးတွေကို အကြမ်းဖက်တာတွေ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြဖို့ ဒီကိုရောက်နေတာပါ။ ကျမတို့ဟာ အမျိုးသမီးတွေကို၊ အထူးသဖြင့် ဒုက္ခပေါင်းစုံ ကြုံနေရတဲ့ အာဖဂန်နစ္စတန်က အမျိုးသမီးတွေကို အကြမ်းဖက်တာတွေ လျော့ကျသွားအောင် လုပ်ပေးမယ့် ဘယ်လို နိုင်ငံတကာ ကြိုးပမ်းချက်မျိုးကိုမဆို အားပေးထောက်ခံပါတယ်” လို့ ပြောပါတယ်။

သမ္မတကာဇိုင်းကတော့ နားစွင့်နေတဲ့ပုံပါပဲ။ သူဟာ နိုင်ငံတွင်းဖိအားနဲ့ နိုင်ငံတကာရဲ့ သတိပေး ပြောဆိုချက်တွေအပေါ် အလေးထားပြီး ဥပဒေသုံးသပ်ချက်တခုကို အမိန့်ထုတ်ပြန်လိုက်ပါတယ်။

သမ္မတရဲ့ ကြားဝင်ရပ်တည်မှုကို Amnesty International အဖွဲ့က ချီးကျူးခဲ့ပါတယ်။ ဒေသခံ လူ့အခွင့်အရေးလုပ်သားတွေကလည်း ဒါဟာ အကြီးအကျယ် စိတ်သက်သာရာ ရတယ်လို့ ပြောကြပါတယ်။

အာဖဂန်နစ္စတန် လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင် ပါဝီးန် ရာဟီမီက “ကျမတို့ ကာဇိုင်းရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆို အသိအမှတ်ပြုပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်မှာ အမျိုးသမီး အခွင့်အရေးတွေအတွက် သမ္မတရဲ့ အားပေးထောက်ခံမှုကို ပြလိုက်တာပဲလို့ ကျမတို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

အခု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေဟာ နိုင်ငံတ၀ှမ်းမှာ ၂၀၀၉ အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုက်ဖျက်ရေး ဥပဒေကို အကောင်အထည် ဖော်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။

ဒီဥပဒေဟာ အိမ်တွင်းအကြမ်းဖက်မှု၊ အသက်မပြည့်သေးသူတွေနဲ့ အတင်းအကျပ် အိမ်ထောင်ချပေးခြင်းတွေ အပါအ၀င် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အနိုင်ကျင့် အကြမ်းဖက်ထားတဲ့ အက်ဥပဒေ ၂၀ လောက်ကို ရာဇ၀တ်မှုလို့ သတ်မှတ်ထားတာပါ။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဂါယာဝါဇီရီက အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်ကနေ ပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013