DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ကုန်စည် ဖမ်းဆီးမှု ကျပ်ငွေ ၁၁ ဘီလီယံကျော်ဖိုး ရှိပြီ
DVB
·
February 24, 2014
တရားမ၀င်ကုန်စည် ဖမ်းဆီးမှု ကျပ်ငွေ ၁၁ ဘီလီယံကျော်ဖိုး ရှိပြီ
Donate to DVB

အခုနှစ်အတွင်း နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ကုန်ပစ္စည်းတွေ ဖမ်းဆီးတာ မြန်မာကျပ်ငွေ ၁၁ ဘီလီယံကျော်သွားပြီလို့ စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

beerပြည်တွင်းဈေးကွက်အတွင်းမှာ မကြာခဏ ပြည်ပကနေ၀င်ရောက်လာတဲ့ စားသောက်ကုန်တွေဟာ စားသုံးဖို့ မသင့်တဲ့ ကုန်ပစ္စည်းတွေအဖြစ် စစ်ဆေးတာတွေ ရှိနေပါတယ်။

ဒါကြောင့် အဲဒီပစ္စည်းတွေ ပြည်တွင်းကို မ၀င်ရောက်ဖို့ နယ်စပ်ဂိတ်တွေကနေ တားဆီးရာမှာ အခုနှစ် ဇန်ဝါရီလကနေ ဖေဖော်ဝါရီလ ဒုတ်ယပတ်အထိ  မြန်မာကျပ်ငွေ ၁၁ ဘီလျံကျော်သွားပြီလို့ စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်တာပါ။

ဒါကြောင့် ပြည်ကကနေ ဈေးကွက်ထဲကို စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေကြောင့် ကလေးတွေအတွက် စိုးရိမ်စရာအခြေအနေ ရှိနေတယ်လို့ စားသုံးသူကာကွယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိမှာတော့ တရားမ၀င်စားသောက်ကုန်တွေ ဖမ်းဆီးဖို့အတွက် ဌာနပေါင်းစုံပါဝင်တဲ့ Mobile Team ကို ဖွဲ့စည်းထားပြီး၊ နယ်စပ်ဂိတ်တွေအပါအ၀င် ဂိုဒေါင်တွေကို ရှောင်တခင်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အသံဖိုင်နားဆင်ရန် https://soundcloud.com/dvbradio/illegal-food-arrest-11-23
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013