DVB Logo
Home
မြန်မာသတင်း
မတူပီမြို့နယ် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦးသေဆုံး
DVB
·
March 14, 2022
မတူပီမြို့နယ် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦးသေဆုံး
Donate to DVB

ချင်းပြည်နယ် မတူပီမြို့နယ်တိုက်ပွဲမှာ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက် ၂ ရက်အတွင်း စစ်ကောင်စီဘက်က ၈ ယောက်လောက်သေဆုံးကာ ၁၅ ယောက်ထပ်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ပလက်ဝက ပြောပါတယ်။

မတူပီမြို့နယ် လိုင်လီပီမြို့ကနေ ထယ်ဘွေ့ စခန်းဘက်ကို အင်အားဖြည့်ဖို့တပ်လာတဲ့ စစ်ကောင်စီတပ်သား ၁၅၀ လောက်ကို မတ်လ ၁၂ ရက်နေ့က စခီဟာရွာနားမှာ CDF-ပလက်ဝ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ပလက်ဝရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မတူပီ-ပလက်ဝ ကားလမ်းမှာပဲ CDF-ပလက်ဝ၊ CDF-မတူပီ၊ CNA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မတ်လ ၁၃ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီလောက်အထိ တကြိမ်၊ ညနေ ၃ နာရီလောက်ကနေ ၅ နာရီလောက်ထိတကြိမ် စုစုပေါင်းတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၇ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖြစ်တဲ့ CNA ဘက်က ရဲဘော် ၁ ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရပြီး CDF- ပလက်ဝက ရဲဘော် ၁ ယောက် ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထယ်ဘွေ့စခန်း အဝင်လမ်းကြောင်းတစ်လျှောက် ပိတ်ဆိုထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် တွီဆော့ကုန်းကျေးရွာက နေအိမ် ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ ခရစ်ယန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲ အတွင်းမှာ ရောက်ရှိနေတဲ့ ပြည်သူလူထုကိုလည်း ထိခိုက်မှုမရှိအောင် ဘေးကင်းလုံခြုံတဲ့ နေရာတွေကို လိုက်လံပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013