DVB Logo
Home
Lead Story
သမ္မတရုံး ဘတ်ဂျက် ၁၅ ဘီလီယံ သုံးမည်
DVB
·
February 24, 2014
သမ္မတရုံး ဘတ်ဂျက် ၁၅ ဘီလီယံ သုံးမည်
Donate to DVB
ပြီးခဲ့တဲ့နှစ်က သမ္မတရုံးအသုံးစရိတ် ကျပ်ငွေ ၁၁ ဘီလီယံကျော်ပဲ ရှိရာကနေ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ သမ္မတနဲ့ အစိုးရအဖွဲ့ လစာ တိုးမြှင့်ရယူမယ့်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေထား သုံးစွဲမယ့်ကိစ္စတွေ ရှိလာတဲ့အတွက် ကျပ်ငွေ ၄ ဘီလီယံနီးပါး တိုးမြှင့်ပြီး ကျပ်ငွေ ၁၅ ဘီလီယံကျော်သုံးစွဲမယ့်ကိစ္စဟာ သင့်တော်ပါကြောင်း လွှတ်တော်ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောပါတယ်။

president office logoဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဘတ်ဂျက်ထဲမှာ လာမယ့် ဧပြီကစ သမ္မတဟာ လက်ရှိ လစာ ကျပ် ၁၅ သိန်းအစား၊ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ၁ လ ကျပ် သိန်း ၅၀ ခံစားမှာ ဖြစ်ပြီး အခြားဒုသမ္မတနဲ့ ၀န်ကြီး ဒုဝန်ကြီးတွေကလည်း လစာ တိုးမြှင့်ခံစားကြမှာ ဖြစ်သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကျပ်ငွေ ၄ ဘီလီယံ လျာထားတယ်လို့ ဘတ်ဂျက်မူကြမ်းမှာ ဖော်ပြထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013