DVB Logo
Home
မြန်မာသတင်း
CDF- မတူပီ တပ်ရင်း-၂ ထိန်းချုပ်နယ်မြေအတွင်း တားမြစ်မိန့် ၆ ချက် ထုတ်ပြန်
DVB
·
March 13, 2022
CDF- မတူပီ တပ်ရင်း-၂ ထိန်းချုပ်နယ်မြေအတွင်း တားမြစ်မိန့် ၆ ချက် ထုတ်ပြန်
Donate to DVB

ချင်းပြည်နယ်၊  မတူပီမြို့ စင်းတလန်ဒေသမှာ မတ် ၁၂ ရက်ကစပြီး CDF- မတူပီ တပ်ရင်း-၂ ခွင့်ပြုချက်မရှိဘဲ အုပ်ချုပ်ရေးဖွဲ့စည်းတာ၊ လက်နက်ကိုင်တပ် ဖွဲ့စည်းတာနဲ့ စခန်းချတာ စတာတွေ မလုပ်ဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

CDF- မတူပီ တပ်ရင်း-၂ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း မတ်လ ၁၂ နေ့က စတင်ပြီး CDM မဟုတ်တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဖြတ်သန်းသွားလာခွင့်မပြုဖို့၊ အရက်သေစာ မူးယစ်ဆေးဝါးများရောင်းဝယ် ဖောက်ကားတာ၊ ငါးမိုင်းခွဲတာနဲ့ အမဲလိုက်တာတွေ မပြုလုပ်ဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ ရပ်ရွာအတွင်း တပ်ရင်းရဲ့ ခွင့်ပြုချက်မရှိဘဲ တည်းခိုခွင့်၊ ၀င်ထွက်သွားလာတာတွေ မပြုလုပ်ဖို့၊ စစ်ဘေးရှောင်တွေ မိမိတို့နေအိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေ၊ ကျွဲ၊ နွားတွေကို တပ်ရင်းကို အကြောင်းမကြားဘဲ ယူဆောင်သွားတာမျိုး မလုပ်ဖို့ စတဲ့ အချက် ၆ ချက် တားမြစ်လိုက်တာပါ။

CDF-မတူပီရဲ့ တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013