DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ပိုးတွေ့သဖြင့် ၁၀ ရက်ကြာပိတ်ထားသည့် ကျင်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်
DVB
·
March 13, 2022
ကိုဗစ်ပိုးတွေ့သဖြင့် ၁၀ ရက်ကြာပိတ်ထားသည့် ကျင်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်
Donate to DVB

ကိုဗစ်ပိုးတွေ့လို့ ၁၀ ရက်လောက် ယာယီပိတ်ထားတဲ့ မြန်မာ-တရုတ် အဓိက ကုန်သွယ်ရာ ကျင်စန်းကျော့ဂိတ်ကို မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

"ဖွင့်လိုက်ပြီ။ မနေ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်း တရုတ် စံတော်ချိန် ၃ နာရီခန့်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ခွဲခန့်မှာ ကျင်းစန်းကျော့ - ဝမ်တိန်ဂိတ်ကို ပြန်ဖွင့်လိုက်ပြီ” လို့ ဝမ်တိန်က မြန်မာကုန်ဂိတ် လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

မနေ့ကတော့ မြန်မာနိုင်ငံက ဖရဲ၊ သခွားမွှေးကားတွေ အဓိကဝင်ဖို့ ဦးစာပေးကြောင်း ရွှေလီရှိ မြန်မာ ကုန်သည် ၁ ဦးက ပြောပါတယ်။

ဂိတ်စဖွင့်တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ မြန်မာဘက်ကနေ တရုတ်ဘက်ကို Export ကား ၅ စီး ထွက်ပြီး တရုတ်ဘက်ကနေ မြန်မာဘက်ကို Import ကား ၁၁ စီး ဝင်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး၊ မူဆယ်ခရိုင်အဆင့် Task Force အဖွဲ့ ကတော့ မတ်လ ၁၁ ရက်နေ့က ကုန်စည် ဖြတ်သန်းစွမ်းကို စနစ်တကျ လည်ပတ်နိုင်ဖို့ A Zone အတွင်းရှိ သွင်းကုန် ကားတွေကို ရှင်းလင်းပေးဖိုနဲ့ Close Loop Management စနစ်နဲ့ ဆောင်ရွက်ဖို့ ရွှေလီအစိုးရက ညှိနှုင်းတောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစဖွင့်ချင်းမှာပဲ "A" ဇုန်ထဲက Import ကားတွေကို ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဘက် သွားဖို့ထုတ်ပေးနေပြီဖြစ်ပြီး တရုတ်ဘက်ထဲက မြန်မာခါလီကားတွေ ထွက်လာဖို့တော့ လောလို့ မရသေးကြောင်း နယ်စပ်ကုန်သည် ၁ ဦး က ပြောပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် ဖရဲ၊ သခွား၊ ဖရုံ၊ ကြက်သွန်တင် တရုတ်ကဲ့ကားရော မြန်မာကားတွေပါ ကားအစီးရေ ၇၃၀ လောက် ရွှေလွယ်အင်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွေမှာ တရုတ်ဘက်ဝင်ဖို့ စောင့်ဆိုင်းနေတာကြောင့် တရုတ်ဘက် အသစ်တင်ပို့ဖို့ မလောကြဖို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ရှိသူ ၁ ဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် တောင်သူတွေ အပါအဝင် နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်သူတွေကို  အသိပေးထားပါတယ်။

မြန်မာဘက်ခြမ်း A ဇုန် ထဲမှတဆင့် Export ကားတွေ တရုတ်ဘက်ထဲ ဝင်နေပြီဖြစ်ပြီး တရုတ်ဘက်ခြမ်းထဲက သတ်မှတ်ထားတဲ့ကွင်းမှာ သတ်မှတ်နာရီအတိုင်း ပိုးသတ်ရပ်နားရမှာ ဖြစ်တာကြောင့် ကိုဗစ် ဆေးစစ်ပြီး ဆေးအောင်တဲ့ ကားတွေက အခွန်ဆောင်၊ F ဇုန်မှာ ဆေးထပ်မံ စစ်ဆေး ပြီးရင်ရောင်း၊ ရောင်းပြီးကားချိန်း၊ ပိုးထပ်စစ်ကာ ဆေးအောင်မှသာ ပြည်မကြီးထဲ တင်ပို့ခွင့်ရမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံထဲမှာ ကျန်းမာရေး၊ အကောက်ခွန်၊ အရောင်းအဝယ်၊ ကားချိန်း၊ ကျန်းမာရေး အဆင့်ဆင့် လုပ်ရမှာ ဖြစ်တာကြောင့် အနည်းဆုံး ၈ ရက်လောက် ကြာနိုင်ပြီး ရက်ကြာ အမှည့်လွန်သအသီးတွေအစား ပိုလတ်ဆတ်တဲ့ အသီးတွေ အစားထိုးတင်ပို့ကြဖို့ သစ်သီးဝလံကုန်စည်ဒိုင်က လမ်းညွှန်ချက်ထုတ်ပြန်ထားတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ တရုတ် Export ကုန် အများဆုံး တင်ပို့နေတဲ့ ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကို တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ မတ် ၂ ရက်နေ့ကစ ရုတ်တရက် ယာယီပိတ်လိုက်တာဖြစ်ပြီး မတ်လ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်တာပါ။

ဓာတ်ပုံ- နယ်စပ်ကုန်သည် လုပ်ငန်းရှင်များ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013