DVB Logo
Home
ပညာရေး/နည်းပညာ
နားမကြားကလေးများအတွက် သင်ရိုးညွှန်းတမ်းရေးနိုင်ရန် ဆောင်ရွက်မည်
DVB
·
February 24, 2014
နားမကြားကလေးများအတွက် သင်ရိုးညွှန်းတမ်းရေးနိုင်ရန် ဆောင်ရွက်မည်
Donate to DVB

နားမကြားကလေးငယ်များ ပညာရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲနိုင်ရေးဖို့ စီမံချက်တခု ဆောင်ရွက်သွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါသည်။

[caption id="attachment_52177" align="alignright" width="240"]မန္တလေး နားမကြားသောကလေးများကျောင်း (ဓာတ်ပုံ - JICA) မန္တလေး နားမကြားသောကလေးများကျောင်း (ဓာတ်ပုံ - JICA)[/caption]

နားမကြားကလေးတွေအတွက် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကို အချိန်ယူဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိ ဂျပန် ကျိုရှင်းကုမ္ပဏီမှာ မူလတန်းအဆင့် လက်သင်္ကေတပြဘာသာနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲနိုင်ရေးအတွက် လှူဒါန်းမှု ပြုလုပ်နေပါတယ်။

မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်းကို ၁၉၂၀ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး မစ္စ မေရီချက်(ပ်)မင်းက ရန်ကုန်မြို့မှာ စတင် ဖွင့်လှစ်ခဲ့ပြီး သက်တမ်းရင့် နားမကြားကလေးများကျောင်း ဖြစ်ပါတယ်။  မန္တလေး နားမကြားကလေးများကျောင်းကို လူမှုဝန်ထမ်းဦးစီးဌာနက ၁၉၈၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မန္တလေး နားမကြားသောကလေးများကျောင်းမှာ အကြားအာရုံ မသန်စွမ်း နားမကြားကလေးငယ်တွေကို လက်သင်္ကေတပြဘာသာစကားနဲ့ အသံထွက် လေ့ကျင့်မှု နည်းပညာ ၂ မျိုး ပေါင်းစပ်ပြီး လေ့ကျင့်သင်ကြားပေးနေပါတယ်။

ရန်ကုန်မှာ နားမကြားကလေးများကျောင်းကို ထပ်မံ ဖွင့်လှစ်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနက စီစဉ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေး ၁ ဒဿမ ၃ သန့်ခန့် ရှိရာ ၁ သိန်း ၄ သောင်းခန့်မှာ အကြားအာရုံမသန်စွမ်းသူတွေ ဖြစ်ပါတယ်။

အသက် ၆ နှစ်ကနေ ၁၆ နှစ်အထိ အခြေခံပညာ သင်ယူနေတဲ့ မသန်စွမ်းကလေးငယ် ၃ သောင်းကျော်လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013