DVB Logo
Home
မြန်မာသတင်း
ကုန်သေတ္တာတင် သယ်ယူပို့ဆောင်ခတွင် စက်သုံးဆီဈေး ပေါင်းထည့် ကောက်ခံမည်
DVB
·
March 12, 2022
ကုန်သေတ္တာတင် သယ်ယူပို့ဆောင်ခတွင်  စက်သုံးဆီဈေး ပေါင်းထည့် ကောက်ခံမည်
Donate to DVB

စက်သုံးဆီဈေးမြင့်တက်နေလို့ ကုန်သေတ္တာတင် မော်တော်ယာဉ်ပိုင်ရှင်တွေ အရှုံးပေါ်နေတာကြောင့် မတ်လ ၁၄ ရက်က စတင်ပြီး သယ်ယူပို့ဆောင်ခမှာ စက်သုံးဆီဖိုး ပေါင်းထည့်ကောက်ခံမယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းက ထုတ်ပြန်ပါတယ်။

ကမ္ဘာရေနံစိမ်းဈေး မြင့်တက်ပြီး ငွေကြေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် စက်သုံးဆီဈေးမြင့်တက်ပြီး အရှုံးပေါ်လာလို့ အသင်းသားတွေက တောင်းဆိုလာတဲ့အတွက် အခုလို ပြင်ဆင်ရတယ် ဖြစ်တယ်လို့ ဆိုပါတယ်။

စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့်သယ်ယူပို့ဆောင်ခမတွေ ပြောင်းလဲကောက်ခံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၈ ရက်နေ့က အသင်းရုံးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ 

ဒီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပို့ဆောင်ခကို  Bunker Adjustment Factor စနစ်နဲ့ ကောက်ခံမှာဖြစ်ပြီး ၊အဲဒီစနစ်အရ မြို့တွင်းခရီးစဉ်တွေမှာ ပေ ၂၀၊  ပေ ၄၀ ကုန်သေတ္တာယာဉ်တွေ အားလုံးကို ခရီးစဉ်တစ်ကြောင်းမှာ လက်ရှိကောက်ခံနေတဲ့ ပို့ဆောင်ခအပေါ် စက်သုံးဆီဖိုး ကျပ်  ၃၀၀၀၀  ပေါင်းထည့် ကောက်ခံမှာ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ခတွေက အခုလို တိုးမြှင့်လိုက်တာကြောင့် ကုန်စည်တွေပိုမိုဈေးတက်ဖို့ ရှိပြီး ကုန်ဈေးနှုန်းတွေ ပိုမိုကြီးမြင့်တဲ့ ဒဏ်ကို ပြည်သူတွေပိုမို ခံစားရဖို့ ရှိနေပါတယ်။

Photo Credit- ဆိပ်ကမ်းအာဏာပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013