DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်
DVB
·
March 12, 2022
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့် ယာယီပိတ်ထားခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကို  ဒီနေ့ မတ်လ ၁၂ ရက်မှာ ပြန်ဖွင့်လိုက်တယ်လို့ နယ်စပ်ကုန်သွယ်အသိုက်အဝန်းကနေ သိရပါတယ်။ 

အခုလို ဂိတ်ပြန်ဖွင့်ပေမဲ့ တရုတ်နိုင်ငံကို ကုန်စည်တင်ပို့ဖို့ စောင့်ဆိုင်းနေတဲ့ ကားအရေအတွက်ဟာ ထောင်ဂဏန်းနီးပါး ရှိနေတာမို့လို့ အခြေအနေတွက်ဆပြီး တင်ပို့ကြဖို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် အကြံပြုထားပါတယ်။

တရုတ်ဘက်ခြမ်းက အကောက်ခွန်ဝန်ထမ်း၊ ကျန်းမာရေးဆေးစစ်ဝန်ထမ်းနဲ့ ရှန်တိန်ယာဉ်မောင်းတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့လို့ အဲဒီဂိတ်ကို ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့က စတင်ပြီး ကုန်စည်ဖြတ်သန်းခွင့် ယာယီပိတ်ထားခဲ့တာပါ။ 

အဲဒီလိုပိတ်ထားခဲ့တာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ရောက်ရှိနေတဲ့  ကုန်စိမ်းသီးနှံပို့ကုန်တွေ အခက်ကြုံခဲ့ပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် ကုန်စည်တွေကိုလည်း နယ်စပ်ရောက်မှ ပြန်သယ်လာခဲ့ရပါတယ်။

ရည်ရှည်အထားခံတဲ့ ကုန်စည်တွေကတော့ ဂိတ်ဖွင့်ချိန်တင်ပို့နိုင်ဖို့ ဆက်လက်စောင့်ဆိုင်းနေ ကြတာပါ။

အဲဒီဂိတ်ကနေတရုတ်နိုင်ငံကို ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ငရုတ်၊ ကြက်သွန် သစ်သီးဝလံတွေအပါအဝင် လယ်ယာထွက်ကုန်တွေ၊  ရေထွက်ကုန်တွေနဲ့ ရာဘာတွေ တင်ပို့နေပြီ တရုတ်ဘက်ခြမ်းက ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ လျှပ်စစ်ပစ္စည်း ၊ အိမ်သုံးပစ္စည်းနဲ့ စက်မှုလုပ်ငန်းသုံးပစ္စည်းတွေကို တင်သွင်းနေပါတယ်။ 

နောက်ဆုံးရရှိထားတဲ့နှစ်နိုင်ငံကုန်သွယ်မှု စာရင်းတွေအရ အခုနှစ် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုက အရင်နှစ်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် လျော့ကျနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013