DVB Logo
Home
မြန်မာသတင်း
၁၀ တန်းစာမေးပွဲကို ကျောင်းသား ၃ သိန်းကျော်ဝင်ဖြေမည်၊ ရခိုင်ပြည်နယ်က အများဆုံးဖြစ်
DVB
·
March 12, 2022
၁၀ တန်းစာမေးပွဲကို ကျောင်းသား  ၃ သိန်းကျော်ဝင်ဖြေမည်၊ ရခိုင်ပြည်နယ်က အများဆုံးဖြစ်
1 / 2
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက စီစဉ်ကျင်းပတဲ့  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာတပြည်လုံးမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူမယ့် ကျောင်းသူကျောင်းသား အရေအတွက် ကျောင်းတွင်း ဖြေဆိုသူ ၂၀၀၇၆၈ ဦး၊ အလွတ်ဖြေ ၁၁၁၅၃၁ ဦး  စုစုပေါင်း ၃၁၂၂၉၉ ဦး ရှိတယ်လို့   အခြေခံပညာဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတဝန်း ၃၂၁ မြို့နယ်မှာ စာစစ်ဌာန ၁၂၅၆ ဌာန ရှိပြီး  ရခိုင်ပြည်နယ်က ၄၅၅၉၂ ဦးနဲ့ စာဖြေသူ ပထမ အများဆုံး၊ ဧရာဝတီတိုင်းက ၄၀၃၂၀ ဦးနဲ့ ဒုတိယအများဆုံး၊ ရန်ကုန်တိုင်းက ၃၇၅၆၀ ဦးနဲ့ တတိယ အများဆုံး၊ မန္တလေးတိုင်းက  ၃၇၂၀၂ ဦးနဲ့ စတုတ္ထအများဆုံး ဖြေဆိုကြမှာဖြစ်တယ်လို့ သိရပါတယ်။

တစ်ပြည်လုံးစာမေးပွဲဖြေဆိုမယ့်သူ စာရင်းထုတ်ပြန်ချက်မှာ မန္တလေးတိုင်း ၇ ခရိုင် က မြို့နယ် ၂၈ မြို့နယ်မှာ စာစစ်ဌာန ၁၃၉ ခုရှိပြီး ဖြေဆိုသူ ကျောင်းတွင်းဖြေ က ၂၃၆၇၇ ဦး၊အလွတ်ဖြေ  ၁၃၅၂၅ ဦးရှိတာကြောင့် စုစုပေါင်း  ၃၇၂၈၂ ဦးရှိပါတယ်။

မန္တလေးတိုင်းက တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အနည်းဆုံးနှစ် ဖြစ်ပြီး ​၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းအပ်သူ နည်းပါးတာကြောင့် စာဖြေသူ လျော့နည်းတာလို့ ပညာရေးဌာန အသိုင်းအဝိုင်းက ဆိုပါတယ်။

ကျောင်းသားမိဘ တစ်ဦးက “မန္တလေးတိုင်းမှ မဟုတ်ပါဘူး။ တပြည်လုံး ကျောင်းတက်ရောက်သူ နည်းပါးတာပါ။ ကျောင်းတက်မယ့် ကျောင်းသားမှ မရှိတာ။ စာဖြေမယ့် ကျောင်းသားလည်း ဘယ်ရှိမလဲ။ ကျမ သားလည်း ဒီနှစ် ဆယ်တန်းပဲ။ ဒါပေမဲ့ ကျောင်းမအပ်ဘူး”လို့  ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ အခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူပေါင်း ၁၂၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်တွေကထက် ကျောင်းသားဦးရေ ထက်ဝက်ကျော် လျော့နည်းသွားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ကချင်ပြည်နယ်အတွင်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ၁၂,၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခု ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူ  ၃၆,၀၀၀ နီးပါးရှိခဲ့တာ ဖြစ်ပါတယ်။

အခြေခံပညာကျောင်းတက်သူ အခုနှစ်မှာ နည်းပါးရတာနဲ့ပတ်သက်ပြီး ကျောင်းဆရာတဦးက” တချို့က ပါတီအရောင်အသွေး လွှမ်းမိုးမှုရှိတယ်။ တချို့ကလည်း စစ်ကျွန်ပညာရေး အလိုမရှိ၊မယုံကြည်ဘူး ဆိုပြီး ကျောင်းသား မိဘတွေက ကျောင်းအပ်ဖို့ နောက်ဆုတ်ပြီး ကျောင်းမထားကြတာကြောင့် ဖြစ်တယ်”လို့  ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ နိုင်ငံတဝန်းကျင်းပဖို့ ရှိနေပြီး စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်တဲ့ ကျောင်းသူ ကျောင်းသားတွေကတော့ ဝင်ရောက် ဖြေဆိုခြင်းမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ဒီစာမေးပွဲကို အသိအမှတ် မပြုဘူးလို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013