DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး အန်အယ်လ်ဒီ နာယက နှင့် ဦးဝီရသူတို့ ဆွေးနွေး
DVB
·
February 23, 2014
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး အန်အယ်လ်ဒီ နာယက နှင့် ဦးဝီရသူတို့ ဆွေးနွေး
Donate to DVB

သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် နဲ့ ဆရာတော် ဦးဝီရသူ တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

U Win Tin & WeYaThu meet for 59 (sa)  in MDY22022014မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးဝင်းတင် နဲ့ ဆရာတော် ဦးဝီရသူ တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံပြီး ၅၉ (စ) ပုဒ်မ ကိစ္စကို အပါအဝင် ဖွဲစည်းပုံ ပြင်ဆင်ရေးနဲ့ ပက်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ဦးဝင်တင်က ဒီဥပဒေဟာ ချွတ်ချော်မှုတွေရှိတယ်လို့ လွှတ်တော်က ယူဆထားပြီး ပျော့ပြောင်းတဲ့ နည်းလမ်းနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ အကြောင်း ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် က “ဒီဥပဒေမှာကိုက ချွတ်ချော်မှုတွေ ရှိတယ်လို့ ယူဆတယ်။ ဘာဖြစ်လဲဆိုတော့ ဒီဥပဒေ စပြီး ပြုစုကတည်းကိုက ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ ပြုစုတာ မဟုတ်တဲ့အခါကြတော့ ဘာပဲပြောပြော ချွတ်ချော်မှုက ရှိတယ်။ အဲဒီ ချွတ်ချော်မှုကို ၀ိုင်းပြင်ဖို့ကို တပည့်တော်တို့ စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါမှာ တတ်နိုင်သမျှ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ပဲ ပြန်ပြီးတော့ ပြင်ဖို့ လုပ်မယ်ဆိုတဲ့ သဘောထားနဲ့ပဲ လုပ်နေခြင်း ဖြစ်ပါတယ်။ တပည့်တော်တို့ လုပ်တဲ့နေရာမှာ တတ်နိုင်သမျှ အများကြီး ပျော့ပြောင်းတဲ့ ပုံစံအတိုင်း လုပ်ပါတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ကြိုးစားပါတယ်။ လွှတ်တော်ထဲမှာ သိပ်ပြီးဖြစ်ပုံ မပေါ်တဲ့အခါကြတော့ လွှတ်တော်နဲ့ အပြိုင်ဖြစ်နေတဲ့ လွှတ်တော် ပြင်ပ နိုင်ငံရေးမှာ ပြည်သူလူထုရဲ့ ဆန္ဒခံယူဖို့ကို ကြိုးစားပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ ဘယ်လောက် ကြိုးစားသင့်သလဲ၊ ဘယ်လောက် ပြောင်းလဲမလဲ၊ ပြင်မယ်ဆိုရင် ဘယ်လောက်ပြင်သင့်လဲ၊ ပြောင်းမယ်ဆိုရင် ဘယ်လောက်ပြောင်းမလဲ။ အဓိကကြတဲ့ အချက်ဖြစ်တဲ့ ၅၉ (စ) လိုဟာမျိုး၊ တပ်မတော်သားတွေ နိုင်ငံရေးဦးဆောင်မှုမှာ ရှေ့တန်းက ပါဝင်မယ်ဆိုတာမျိုး ဒီလိုအချက်တွေကြတဲ့အခါကြတော့ နည်းနည်းလေး ပြဿနာ ပေါ်လာတယ်။ ကွဲပြားမှုတွေက ကြီးလာတယ်။ အဲဒါလေးတွေ ရှိပါတယ်”လို့ ပြောပါတယ်။

ဆရာတော် ဦးဝီရသူ “၅၉ (စ)အတွက် ပြင်ဆင်တာ လိုလားတယ်။ ဒကာမအတွက် ချွတ်ယွင်းချက်မရှိ ထောက်ခံတယ်။ ဒါပေမယ့် ၅၉ (စ)ကို အကြောင်းပြုပြီးတော့ တိုင်းရင်းသား မဟုတ်တဲ့ သူတွေက အထူးသဖြင့် ဗမာလူမျိုးတွေက ရိုးတယ်၊ အတယ်။ ဖျံကျတဲ့သူတွေ ဝင်လာမယ်ဆိုရင် ဦးဇင်းတို့ တိုင်းပြည်က ပြည်သူတွေဟာ ဖျံကျခံနိုင်ဖို့ အဆင်သင့် မရှိသေးဘူး။ ဖျံကျကို ကာကွယ်နိုင်မည့် ဥာဏ်ရည်မရှိသေးဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် လွတ်တော်မှာ ဒီမိုကရေစီ အမတ်တွေ နေရာများများရဖို့ မျှော်မှန်းတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မလုပ်ဘဲနဲ့ သမ္မတကို ချုပ်ကိုင်နိုင်တဲ့ ဂိုဏ်းချုပ်ကြီး လုပ်စေချင်တဲ့ အကြောင်းလည်း ဆရာတော်က မိန့်ခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အကျိုးကို ကြည့်ရှုတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ပြည့်ဝတဲ့ အရည်အချင်းတွေရှိတယ် အဲ့ဒီအရည်အချင်းတွေကို ပြည်သူတွေက ထပ်ဆင့်ပြီး အခြေခံ ဥပဒေရဲ့ ခွင့်ပြုချက်နဲ့ လမ်းဖွင့်ပေးမယ်ဆိုရင် သမ္မတ ဖြစ်ရေးဟာ နောက်ထပ်ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်တယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပက်သက်တဲ့ ဟောပြောပွဲတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားရောက်ပြီး ဟောပြောတာတွေ လုပ်ခဲ့ပါတယ်။

လွှတ်တော်မှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မူတွေကို ပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခန်း ၁၂ ပုဒ်မ ၄၃၆ ကို ပြုပြင် ပြောင်းလဲဖို့ NLD နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)တို့က ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013