DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဆယ်ကျော်သက် ၂ ဦး အပါအဝင် ကျဆုံးပြည်သူ ၁၆၄၂ ဦးရှိလာ
DVB
·
March 11, 2022
စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဆယ်ကျော်သက် ၂ ဦး အပါအဝင် ကျဆုံးပြည်သူ ၁၆၄၂ ဦးရှိလာ
Donate to DVB

DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်း ဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၄၂ ယောက်နဲ့ ဖမ်းဆီးထိန်း သိမ်းခံရသူပေါင်း ၁၂၆၀၀ ယောက်ထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၁၀ ရက်အထိ အေ အေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ ထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၅၇၁ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၈၃၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက်က အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ပွဲကုန်း (၁) ရပ်ကွက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၁၀ နှစ်အရွယ် မောင်လား စရုနဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဩဂတ်စတင်းတို့ကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ နေအိမ်အတွင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ဝါရီဆူးပလိုင်ကျေးရွာအနီးမှာ သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မတ် ၄ ရက်မှာတော့ တက်ကြွလှုပ်ရှားသူ ကိုဟိန်းမင်းကိုကို(ခ) ဟိန်းလွင်ထူးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၈ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ထားဝယ်အ ကျဉ်းထောင်တွင်း အထူးတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေနဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ကိုဟိန်းမင်းကိုကို(ခ) ဟိန်းလွင်ထူးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၁၁ ရက်က ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက် သပိတ်စစ်ကြောင်းမှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရချိန်က သူ့ကို ရာဘာကျည်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာကြောင့် လက်မောင်းနဲ့ ခြေထောက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013