DVB Logo
Home
နိုင်ငံရေး
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ကြန့်တွင် ဆန္ဒပြ
DVB
·
February 23, 2014
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ကြန့်တွင် ဆန္ဒပြ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီက ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့မှာ ဆန္ဒပြခဲ့ပါတယ်။

[caption id="attachment_52136" align="alignleft" width="526"]ဓာတ်ပုံ - Aye Mya Mya Myo ဓာတ်ပုံ - National League for Democracy's[/caption]

ထောက်ကြန့်မြို့ ဇိနမာရ်အောင် ဘုရားရှေ့မှ ကျိုက္ကလော့ ဘုရားရှေ့ထိလမ်းရှောက် ဆန္ဒပြခဲ့ကြပြီး ပြည်သူလူထု အပါအဝင် အင်အား ၂၀၀ ခန့် က ပုဒ်မ ၁၈ ပုဒ်မ ၅၉ (စ)အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အခုရက်ပိုင်းတွေ မှာဆိုရင် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲတွေကို မြို့ နယ်တချို့ မှာ မကြာခဏ ပြုလုပ်နေကြပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အရှိန်တိုးမြှင့်လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့အပြီး အခုလို ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်လည်း ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့  ရှမ်းပြည်နယ်တွေမှာ ဖွဲ့စည်းပုံပြင်ရေး လူထုစုအစည်းအဝေးပွဲကြီးတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013