DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် အလယ်တန်းပြ ဆရာမ ၁ ဦး ပစ်သတ်ခံရ
DVB
·
March 10, 2022
ရေးမြို့တွင် အလယ်တန်းပြ ဆရာမ ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့ အ.ထ.က ၃ ကျောင်းက အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ဝင်းချိုကို မတ် ၁၀ ရက် မနက် ၇ နာရီခွဲလောက်မှာ အမည်မသိ သေနတ်သမားတွေက ဝန်ထမ်းအိမ်ရာရှိ သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ လာပစ်သတ်သွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ကျောင်းဆရာမ ဒေါ်ဝင်းချိုဟာ စစ်ကောင်စီနဲ့ပေါင်းပြီး CDM ဝင်ကြမယ့် ဆရာ၊ ဆရာမတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်ခဲ့သလို ပညာရေးဝန်ထမ်း အချက်အလက်တွေပါ ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရသူဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဆရာမ ဒေါ်ဝင်းချိုရဲ့ ခင်ပွန်းဟာ ရဲဝန်ထမ်းဟောင်းဖြစ်ပြီး သူ့အမျိုးသားနဲ့ အတူမနေကြဘူးလို့ ဆရာမနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ရုံးဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ ရေးဘီလူးအဖွဲ့က မတ် ၈ ရက်နေ့က နောက်ဆုံးသတိပေးထားပြီးမှ အခုလို ပညာရေးဝန်ထမ်း ကျောင်းဆရာမတဦးကို လုပ်ကြံ သတ်ဖြတ်ခဲ့တာလို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။
စည်ပင်ရုံးကို ဗုံးခွဲခဲ့တာ အပါအဝင် စစ်ကောင်စီနဲ့ ပါဝင်ဆက်နွှယ်နေတဲ့ ရုံးတွေကိုပါ ထပ်မံဖောက်ခွဲသွားဖို့ ရှိတယ်လို့ MSRU အဖွဲ့က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013