DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် FBR အဖွဲ့ဝင် အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန် ကျဆုံး
DVB
·
March 10, 2022
ဒီးမော့ဆိုတွင် FBR အဖွဲ့ဝင် အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန် ကျဆုံး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာ မတ်လ ၈ ရက်နေ့က ပြည်သူကို ကူညီကယ်ထုတ်ရင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့တဲ့ Free Burma Ranger အဖွဲ့ဝင် အမျိုးသမီး မအဲလစ်စဘတ်ဟာ ရရှိထားတဲ့ ဒဏ်ရာကြောင့် မတ်လ ၉ ရက်နေ့က ကျဆုံးသွားကြောင်း FBR က ထုတ်ပြန်ပါတယ်။
မအဲလစ်စဘတ်ဟာ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာမှာ တိုက်ပွဲအတွင်း ဒေသခံတွေကို ကူညီကယ်ဆယ် မှတ်တမ်းယူရင်း လုပ်ဆောင်နေချိန် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ရရှိထားတဲ့ဒဏ်ရာနဲ့ ကျဆုံးသွားတာ ဖြစ်ပါတယ်။
မတ်လ ၈ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ စစ်ကောင်စီဘက်က ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဆောင်ဒူလာ ကက်သလစ်ဘုရားကျောင်းနဲ့ စာသင်ကျောင်း ပျက်စီးသွားပါတယ်။
အဲဒီဖြစ်စဉ်အပြီး Free Burma Ranger အဖွဲ့ဝင်တွေ ကူညီကယ်ဆယ်မှု သွားလုပ်စဉ် မနက် ၉ နာရီကျော်မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အဖွဲ့ဝင်အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မအဲလစ်စဘတ်ကတော့ ရရှိထားတဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
မအဲလစ်စဘတ်ဟာ ပဲခူးသားဖွားသင်တန်းကျောင်းမှ ကျောင်းသူဟောင်း သူနာပြု၊ သားဖွားဆရာမတဦးဖြစ်ပြီး ဒီလို ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်း သူနာပြုသင်တန်းကျောင်း ကျောင်းသားသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်ရင်း Free Burma Ranger အဖွဲ့ဝင် ကျဆုံးခဲ့ရပါတယ်။
Free Burma Ranger အဖွဲ့အနေနဲ့ ပြည်သူလူထုကို ကူညီကယ်ဆယ်၊ ချစ်ခြင်းမေတ္တာမျှဝေ၊ မျှော်လင့်ချက်တွေ ဖော်ဆောင်ပေးတာနဲ့ မြေပြင်သတင်းအချက်အလက်တွေကို ကမ္ဘာသိအောင် မျှဝေခြင်း စတဲ့ လုပ်ငန်းတာဝန် လုပ်ဆောင်နေတာလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013