DVB Logo
Home
မြန်မာသတင်း
ကြာမြင့်ချိန်အပေါ်မှုတည်ပြီး ကုန်ကျမယ့် ကိုရီးယားလေကြောင်းလိုင်း
DVB
·
February 22, 2014
ကြာမြင့်ချိန်အပေါ်မှုတည်ပြီး ကုန်ကျမယ့် ကိုရီးယားလေကြောင်းလိုင်း
Donate to DVB

လေယာဉ်စီးခကို ကြာမြင့်ချိန်အပေါ်မှုတည်ပြီး တွက်ယူမယ့် ကိုရီးယားလေကြောင်းလိုင်း ခရီးစဉ်ကို MAI က စင်းလုံးငှားလေယာဉ် ချာတာဖလိုက်ဖြင့် စတင်ပြေးဆွဲလိုက်ပါတယ်။

မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI က တောင်ကိုရီးယားနိုင်ငံ ပူဆန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စင်းလုံးငှားလေယာဉ် ချာတာဖလိုက်နဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ပျံသန်းပြေးဆွဲလိုက်တာပါ။

myanmar airwayMAI လေကြောင်းလိုင်ဟာ၂၀၁၃ခုနှစ်မှာ ကိုရီးယားလေကြောင်းလိုင်း တခုနဲ့ အကျိုးတူ ပူးပေါင်းပြီး ကိုရီးယားနိုင်ငံဆိုးလ်မြို့ကို လေကြောင်းလိုင်း ခရီးစဉ်အဖြစ် စတင်ပြေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI ရဲ့ စင်းလုံးငှားလေယာဉ်ငှားခဟာ တနာရီကို ဒေါ်လာခြောက်ထောင် ပေးရမှာဖြစ်ပြီး ခရီးအကွာအဝေးကြာမြင့်ချိန်နဲ့ နိုင်ငံအလိုက် လေဆိပ်ဝင်ပေါက်တွေပေါ်မှာ မူတည်ပြီး ကုန်ကျစရိတ်ရှိမှာ ဖြစ်တယ်လို့ မအေးမရသာ က ပြောပါတယ်။

ဒီနှစ်ထဲမှာ MAI လေကြောင်းလိုင်းဟာ ကိုရီးယားနိုင်ငံနဲ့ဂျပန်နိုင်ငံတွေကို ချာတာဖလိုက် စင်းလုံးဌားလေယာဉ်တွေနဲ့ စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်တွေ အတွက်ပုံမှန် လေကြောင်းလိုင်း ပြေးဆွဲပေးသွားမယ်လို့လည်း မအေးမရသာ က ပြောပါတယ်။

အမ်အေအိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံ ကွာလာလမ်ပူ၊ ဂေါင်ရှူး၊ ဖနွမ်းပင်၊ ဆီယံရိဒ်နဲ့ ဂါယာမြို့တွေကို ခရီးသည် ၁၂၀ နဲ့ ၁၈၀ ဆံ့ လေယာဉ်တွေနဲ့ ပျံသန်းပြေးဆွဲနေပြီး နောက်ပိုင်မှာ နိုင်ငံတကာကို ပျံသန်းပြေးဆွဲပေးသွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။

အပြည့်အစုံနားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013