DVB Logo
Home
မြန်မာသတင်း
စာပေဟောပြောခွင့် မပိတ်ရန် အစိုးရ အမိန့်ကြေညာစာ ထုတ်သင့်
DVB
·
February 21, 2014
စာပေဟောပြောခွင့် မပိတ်ရန် အစိုးရ အမိန့်ကြေညာစာ ထုတ်သင့်
1 / 2
Donate to DVB

အစွန်းရောက် အယူအဆ ရှိသူတွေက စာပေဟောပြောပွဲတွေကို တားဆီးနှောင့်ယှက်နေတဲ့အပေါ် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂက  အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လိုက်ပြီး  ဆက်လက်မနှောင့်ယှက်အောင် အစိုးရက ကြီးကြပ်ကိုင်တွယ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီလအတွင်း ရန်ကုန်နဲ့ မန္တလးမြို့တွေမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စာပေဟောပြောပွဲတွေမှာ ဟောပြောမယ့် စာရေးဆရာတချို့ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့ကြတဲ့အတွက် စာပေဟောပြောပွဲနှစ်ခု ပျက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂက သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဟောပြောပွဲနှစ်ခုစလုံးမှာ တားမြစ်ခံရသူတွေဟာ မွတ်စလင်တွေဖြစ်ကြပြီး ကန့်ကွက်ကြတဲ့ သူတွေထဲမှာ သံဃာတော်တွေ ပါနေတာပါ။ ဒီဖြစ်ရပ်နှစ်ခုစလုံးမှာလည်း အုပ်ချုပ်ရေးပိုင်းက တစုံတရာ ကိုင်တွယ်ခြင်း မရှိပါဘူး။

စာရေးဆရာသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ စာပေဟောပြောပွဲတွေကို တားဆီးနှောင့်ယှက်မှုတွေဟာ လွတ်လပ်စွာဟောပြောခွင့်နဲ့ လွတ်လပ်စွာ မိမိသဘောထား ထုတ်ဖော်ခွင့်ကို တားဆီးတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

မြို့နယ်တချို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တားဆီးပိတ်ပင်တဲ့အပေါ်လည်း ကန့်ကွက်ထားပါတယ်။

နှောင့်ယှက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဥက္ကဋ္ဌ စာရေးဆရာ ထက်မြက်က အလားတူ ဆက်လက်မဖြစ်ပွားအောင် အစိုးရက အမိန့်ကြေညာချက် ထုတ်ပြန်ညွှန်ကြားသင့်တယ်လို့ တောင်းဆိုပါတယ်။

“အစိုးရက အမိန့်အဖြစ်နဲ့ ကြေညာချက်တွေ၊ ကြော်ငြာတွေ ထုတ်ပြီးတော့ တိုင်းဒေသကြီးတွေကို ညွှန်ကြားရမယ်။ တိုင်းဒေသကြီးတွေက မြို့နယ်ကို ညွှန်ကြားရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့။ နားလည်မှုနဲ့ ပိတ်ချင်တဲ့နေရာ ပိတ်တယ်။ ခွင့်ပြုတဲ့နေရာ ခွင့်ပြုတယ်ဆိုတာ သိပ် သဘာဝ မကျဘူး။ မနေ့ညကပဲ လှည်းကူးမှာ ပိတ်လိုက်ပြန်ပြီ။ အဲဒါက ဘုန်းကြီးတရားပွဲကို မြို့နယ်အုပ်ချုပ်ရေးက ပိတ်လိုက်တာ။ ဒါမျိုးတွေက မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကို အစိုးရမှာ တာဝန်ပိုရှိတယ်လို့ ထင်တယ်။ ဒါကြောင့်မို့လည်း ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ရတာပါ။”

ဟောပြောခွင့် ပိတ်ခံရတဲ့ထဲပါတဲ့ စာရေးဆရာ ဦးဘုန်း (ဓာတု) ကတော့ အုပ်ချုပ်ရေးမှူးတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ ပြောပါတယ်။

“အုပ်ချုပ်ရေးအဖွဲ့တွေက အရင်ပုံစံအတိုင်းပဲ သူတို့က တာဝန်က တာဝန်ဆိုတဲ့ စိတ်ဓာတ်ပဲရှိတယ်။ တာဝန်က တာဝန်ယူမှုဆိုတဲ့ စိတ်ဓာတ်ရှိမှ တိုင်းပြည်တိုးတက်မှာဗျ။ ကျနော့်အထင်ပြောရင် သူတို့က စာမဖတ်ဘူးဗျ။ ဘုန်းတော်ဘွဲ့ကိုသာ စာပေပုံစံတခုလိုပဲ ထင်ထားတဲ့ စိတ်နဲ့ ကြီးပြင်းလာကြတာဆိုတော့ လူထုရဲ့ခံစားချက်ကို စာပေပုံစံမျိုး မမြင်ပါဘူးခင်ဗျ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း ဟောပြောခွင့်ပိတ်ပင်တာနဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Pen Myanmar မြန်မာ ကလောင်ရှင်များအသင်းတို့က အလားတူ ကန့်ကွက်တဲ့ ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။Myanmar Writers' Union1
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013