DVB Logo
Home
မြန်မာသတင်း
ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 7, 2022
ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲလောက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် တောင်ကြီး - တာချီလိတ်သွား ကားလမ်း တာကော်တံတား ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ကာလိမှ မိုင်းပျဉ်း ဘက်ကို စိုင်းပေါင်းနွံခမ်း (ခ) ခမ်းဟန်စင့် မောင်းနှင်လာတဲ့ Nissan Diesel ၁၂ ဘီးယာဉ်ကို သတင်းအရ ရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၁၅၀ နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်အရ ၂၇ ရက် မနက် ၁၀ နာရီမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် တောင်ကြီး -တာချီလိတ် သွားကားလမ်း မိုင်တိုင်အမှတ် (၂၈၄)အနီး ကားလမ်းဘေးမှာ ရပ်တန့်ထားတဲ့ Nissan Diesel ၁၂ ဘီးယာဉ်ကို စစ်ဆေးရှာဖွေရာ  အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၄၀၀ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်း အိုက်စ် (မက်သ် အဖက်တမင်း) ၅၅၀ ကီလို၊  စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေး ဖော်ထုတ်ချက်တွေအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မှတဆင့် ပြည်ပကို သယ်ဆောင်မှာ ဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013