DVB Logo
Home
Lead Story
အငြိမ်းစားဗိုလ်ချုပ်တဦးကို လာဘ်ပေးလာဘ်ယူပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတ အဆိုပြု
DVB
·
February 21, 2014
အငြိမ်းစားဗိုလ်ချုပ်တဦးကို လာဘ်ပေးလာဘ်ယူပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတ အဆိုပြု
Donate to DVB

သမ္မတဦးသိန်းစိန်ဟာ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ဦးမြ၀င်းနဲ့ အတွင်းရေးမှူးအဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးတင်ဦး တို့ကို တာဝန်ပေးဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကဆီ ဖေဖော်ဝါရီ ၂၀ နေ့စွဲနဲ့ သ၀ဏ်လွှာ ပေးပို့ထားပါတယ်။

president office logoသ၀ဏ်လွှာထဲမှာ သမ္မတက ရွေးချယ်ပေးသူ ၅ ယောက်၊ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေက ရွေးချယ်ပေးသူ ၅ ယောက်စီ စုစုပေါင်း ၁၅ ယောက်ရဲ့ နာမည်တွေကိုလည်း ဖော်ပြထားပြီး သမ္မတက ဆန္ဒပြုတဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို လွှတ်တော်က အတည်ပြုပေးဖို့ ဆိုပြီး ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းထားပြီး ဖြစ်ပေမယ့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးတာမို့ အဂတိ လိုက်စားမှုတွေကို အရေးမယူနိုင်သေးပါဘူး။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံတွေစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013