DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ၌ ၁ လအတွင်း တိုက်ပွဲ ၂၉၈ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၃၀၀ ကျော်သေဆုံး
DVB
·
March 6, 2022
ကေအန်ယူနယ်မြေ၌ ၁ လအတွင်း တိုက်ပွဲ ၂၉၈ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၃၀၀ ကျော်သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေအတွင်းမှာ  ဖေဖော်ဝါရီလအတွင်း KNU လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၂၉၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၅ ဦးသေဆုံးပြီး၊ ၂၀၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မတ် ၆ ရက်မှာ  ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နဲ့ စစ်ကောင်စီရဲ့တပ်၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၃၅ စီးကို ဖျက်ဆီးနိုင်ခဲ့သလို KNLA၊ KNDO တပ်ဖွဲ့ဝင် ၆ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ခဲ့ရပြီး  ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့တပ်ဘက်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးအလုံးပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့သလို တပ်မဟာ  ၅ ဖာပွန်(မူတြော်)ခရိုင်အတွင်းကို လေကြောင်းကနေ လေယာဉ်နဲ့  ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက်  နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ အရပ်သားပြည်သူ ၇၀၀၀၀ ကျော်ဟာ ကျေးရွာတွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013