DVB Logo
Home
မြန်မာသတင်း
ကမ္ဘာဇဘဏ်က နှစ်ပတ်တကြိမ်သာ ငွေထုတ်ပေးမည်ဟု ကြေညာ
DVB
·
March 6, 2022
ကမ္ဘာဇဘဏ်က နှစ်ပတ်တကြိမ်သာ ငွေထုတ်ပေးမည်ဟု ကြေညာ
Donate to DVB

ဘဏ်နဲ့ KBZ pay Center တွေမှာ ငွေသားထုတ်ပေးမှုကို တပတ်တကြိမ်ကနေ အခု နှစ်ပတ် တစ်ကြိမ်မှသာ ငွေထုတ်ပေးတော့မယ်လို့ ကမ္ဘာဇဘဏ် (KBZ) က ကြေညာပါတယ်။ 

အများဆုံးငွေထုတ်ယူနိုင်တဲ့ ပမာဏကိုလည်း ဘဏ်စာအုပ်ကနေ တကြိမ်ကို အများဆုံး ကျပ် ၅ သိန်း၊ KBZPay Center ကနေ အများဆုံး ကျပ် ၃ သိန်းအထိ သတ်မှတ်ထားပါတယ်။ 

“အရင်က တပတ်ကို ၅ သိန်း၊ တလကို ၄ ကြိမ်တုံကင်ရရင် ငွေသိန်း ၂၀ လောက်ထိ ထုတ်လို့ရတယ်။ အခုကျတော့ နှစ်ပတ်မှတစ်ကြိမ်ဆိုတော့ တလကို ဆယ်သိန်းလောက်ပဲ ထုတ်လို့ရတော့မယ့် သဘောပဲ” လို့ ဘဏ်အသုံးပြုသူတဦးက ပြောပါတယ်။

ငွေထုတ်ဖို့ ဘဏ် နဲ့ KBZPay Center appointment တွေ ရယူရာမှာ အပတ်စဉ် စနေနေ့ မနက် ၉ နာရီကနေ ည ၉ နာရီအထိ တရက်အတွင်းသာ ရယူနိုင်မယ်လို့ KBZ ဘဏ်က သတ်မှတ်ထားပါတယ်။ 

KBZ ဘဏ်ရဲ့ ပြောင်းလဲလိုက်တဲ့ ငွေထုတ်ပေးမှုစနစ်ကြောင့် ဘဏ်အသုံးပြုသူတွေ appointment ရရှိဖို့ လွယ်ကူသွားပေမဲ့  ငွေထုတ်ရက်ကြာချိန် တိုးမြင့်လိုက်တာကြောင့် ဘဏ်ငွေထုတ်ယူရရှိနိုင်တဲ့ပမာဏ နည်းသွားနိုင်တယ်လို့ ဘဏ်အသုံးပြုသူတဦးက ပြောပါတယ်။ 

“တုံကင်က စနေနေ့တရက်ပဲ ယူလို့ရတော့တယ်။ အရင်ကတော့  တရက်မက တုံကင်ယူလို့ ရတယ်။ ဒါပေမဲ့ ရဖို့ခက်တယ်။ အခုကျတော့ တုံကင်ရဖို့ လွယ်သွားတယ်။ ဒါပေမဲ့ နှစ်ပတ်တကြိမ်မှ ငွေထုတ်လို့ရမှာဆိုတော့ ဘာမှတော့မထူးပါဘူး။ ထုတ်ယူနိုင်တဲ့  ငွေပမာဏ ကျတော့ တိုးပေးမထားဘူးလေ။ ရာခိုင်နှုန်းတွေထပ် တက်လာမလား၊ ကျသွားမလားတော့ စောင့်ကြည့်ရမှာပဲ။”

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေဟာ ဘဏ်တွေကို အယုံအကြည်နည်းလာပြီး ဘဏ်အကောင့်ထဲက မိမိတို့ရဲ့ငွေတွေကို ထုတ်ယူဖို့ ကြိုးစားကြရာကနေ ဘဏ်တွေမှာ ငွေသားရှားပါးတာကြောင့် ဘဏ်အသုံးပြုသူတွေကို ငွေလိုသလောက် ထုတ်မပေးနိုင်တော့တာ အခုဆို တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ 

လက်ရှိမှာ ငွေသားထုတ်ယူဖို့ အွန်လိုင်းကနေ booking လျှောက်ပြီး တုံကင်ယူရတဲ့စနစ်၊ Phone booking ယူရတဲ့ စနစ်တွေနဲ့သာ ဘဏ်အသုံးပြုသူတွေက မိမိဘဏ်အပ်ငွေကို ခက်ခက်ခဲခဲ ထုတ်ယူနေရတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘဏ်အကောင့်ထဲကငွေကို ငွေသားနဲ့လဲလှယ်တဲ့ စျေးကွက်တခုဖြစ်လာခဲ့ပြီး လက်တလော အဲဒီစျေးကွက် ရာခိုင်နှုန်းအနေနဲ့ ၃ ရာခိုင် နှုန်းကနေ ၄ ရာခိုင်နှုန်းကြားမှာ အလဲအလှယ်ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013