DVB Logo
Home
Lead Story
အိုင်အက်ဖ်စီက ပြည်တွင်းငွေကြေးအဖွဲ့အစည်းတွေကို နည်းပညာ အကူအညီပေးမည်
DVB
·
February 21, 2014
အိုင်အက်ဖ်စီက ပြည်တွင်းငွေကြေးအဖွဲ့အစည်းတွေကို နည်းပညာ အကူအညီပေးမည်
Donate to DVB

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ)ဟာ ပြည်တွင်းမှာ အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ၃ ခုကို နည်းပညာ အကူအညီ ပေးသွားမယ်လို့ အိုင်အက်ဖ်စီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ မန်နေဂျာ မစ္စစ် ရေချယ်ဖရီးမင်းက ပြောပါတယ်။

IFCဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန် ကမ္ဘာ့ဘဏ်ရုံးခွဲမှာ ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲနဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

အိုင်အက်ဖ်စီက အကူအညီပေးမယ့် အဖွဲ့အစည်းတွေကတော့ အသေးစား ငွေကြေး လုပ်ငန်း လုပ်ကိုင်နေတဲ့ Pact Global Microfinance, Proximity Designs နဲ့ World Vision International Myanmar အဖွဲ့တွေ ဖြစ်ကြပါတယ်။

ဒီ အဖွဲ့တွေထဲက Pact Global Microfinance ဟာ လာမယ့် ၃ နှစ်အတွင်း အသေးစား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုးလောက် ပံ့ပိုးသွားဖို့ ရှိပြီး Proximity Designs ကတော့ ၂၀၁၄ မှာ ကျပ်ငွေ ၆ ဘီလီယံလောက် ချေးပေးသွားဖို့ ရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013