DVB Logo
Home
မြန်မာသတင်း
ဖလမ်းနှင့်ကလေးမြို့နယ်တို့၌ ၁ လအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး
DVB
·
March 6, 2022
ဖလမ်းနှင့်ကလေးမြို့နယ်တို့၌ ၁ လအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ ဖေဖော်ဝါရီ တစ်လအတွင်း CNDF နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၁ ယောက်သေဆုံးကာ ၅၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  CNO/CNDF က ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CNDF အပါဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိကာ CNDF ဘက်က ရဲဘော်တစ်ယောက်ကျဆုံးခဲ့တယ်လို့ CNDF တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဖလမ်းမြို့နယ် ပါရ်သဲရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နှစ်ဖက်တပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက်သေဆုံးကာ ၇ ယောက်လောက်ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နဲ့ ၂၅ ရက်နေ့တွေကလည်း ဖလမ်း-ကလေး ကားလမ်းဘေးက ထင်းရှူးစခန်းရွာမှာနားမှာလည်း CNDF ကထောင်ထားတဲ့ ပဒေသမိုင်းကို နင်းမိပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁၃ ယောက်သေဆုံးကာ ၂၁ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ လုံးရန်ရပ်ကွက်နဲ့တားရွာကြားမှာလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ချင်ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁ ယောက်လောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိ ခဲ့တယ်လို့ပြောပါတယ်။

ဖလမ်းမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းထောင်ရာမှာ မိုင်မတော်တစ်ဆပေါက်ကွဲ ပြီး CNDF တပ်ဖွဲ့က ဆလိုင်းဘွဲ့ရင့်မန် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့နယ်ထဲမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာတွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့မှာလည်း မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူကာကွယ်ရေးညီနောင်မဟာမိတ်တပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့လို စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလအတွင်း တိုက်ပွဲဖြစ်စဉ်တွေမှာ သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013