DVB Logo
Home
မြန်မာသတင်း
ပြည်ပ သစ်အလုံးလိုက်တင်ပို့မှု ပိုများနိုင်
DVB
·
February 21, 2014
ပြည်ပ သစ်အလုံးလိုက်တင်ပို့မှု ပိုများနိုင်
Donate to DVB

အခု ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို သစ်အလုံးလိုက် တင်ပို့မှုက ပြီးခဲ့တဲ့နှစ် သစ်တင်ပို့မှု ပမာဏထက် ၃ ပုံ ၁ ပုံ ပိုများနိုင်မယ်လို့ ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းက ပြောဆိုလိုက်ပါတယ်။

woodလက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း သစ်အလုံးလိုက်တင်ပို့မှုဟာ မနှစ် ဘဏ္ဍာရေးနှစ်တင်ပို့မှုနဲ့ နှိုင်းစာရင် ၃ ပုံ ၁ ပုံ တိုးမြင့်လာခြေဟာ ဧပြီ ၁ ရက်က စပြီး ပြည်ပတင်ပို့မှုကို လုံးဝ ရပ်တန့်ဖို့ အစိုးရရဲ့ ကန့်သတ်ချက်အပေါ် သက်ရောက်မှု ဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဘာဘာချိုက သုံးသပ်ပြောဆိုပါတယ်။

“ခါတိုင်းဆိုရင် သစ်လုံးတင်ပို့မှုက တွက်ကြည့်မယ်ဆိုရင် ၁ နှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ နဲ့ ၈၀၀ ကြားမှာ အမြဲတမ်း ရှိပါတယ်။ ဒီနှစ်တော့ လက်ရှိ စာရင်း မပိတ်ရသေးပေးမယ့် သင်္ဘောတင်မယ့် စာရင်းမှာ ၃ ပုံ ၁ ပုံခန့် ၆ လအတွင်းမှာ တိုးတက်လာတယ်လို့ အကြမ်းဖျင်းတော့ သတင်းကြားသိရပါတယ်။ ဒါကြောင့် ဒီနှစ်တော့မှ သစ်တောထွက် သစ်လုံးတင်ပို့မှုက ရရှိမယ့် ၀င်ငွေဟာ အခါတိုင်းထက် ပိုများလာဖို့ ရှိပါတယ်။ ဖြစ်နိုင်တဲ့ ပမာဏက ဒေါ်လာသန်း ၁၀၀၀ နဲ့ ၁၁၀၀ လောက်အထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။”

နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ International Tropical Timber Organization က မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက သစ်အလုံးလိုက် သင်္ဘောတင်ပို့မှုက သိသိသာသာ တိုးမြင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ၁ လကို ကုဗမီတာ ၁၆၅,၀၀၀ ခန့်တင်ပို့ခဲ့ကြောင်း၊ ဒါ့အပြင် ကုဗမီတာ ၁ သန်းကျော်လောက်ရှိတဲ့ သစ်လုံးတွေကလည်း သင်္ဘောတင်ဖို့ စောင့်ဆိုင်း နေတယ်လို့ ဒီနှစ် ဖန်န၀ါရီလတုန်းက အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံတွေမှာ မလေးရှားနဲ့ မြန်မာ နှစ်နိုင်ငံပဲ သစ်အလုံးလိုက် ပြည်ပနိုင်ငံတွေဆီ တင်ပို့နေဆဲဖြစ်ပါတယ်။

အစိုးရအနေနဲ့ သစ်ထုတ်လုပ်မှုက ၁ နှစ်ကို ကျွန်းတန်ချိန် ဟော့ပေါ့တန် ၃ သိန်း နဲ့ သစ်မာတန်ချိန် ဟော့ပေါ့တန် ၂ သန်း ထုတ်လုပ်မှု ရှိပေမယ့် လာမည့် ၂၀၁၅ - ၁၆ ဘဏ္ဍာရေးနှစ်ကစပြီး ကျွန်းတန်ချိန် ဟော့ပေါ့တန် ၆ သောင်း နဲ့ သစ်မာတန်ချိန် ဟော့ပေါ့တန် ၁ ဒဿမ ၂ သန်းသာ ထုတ်လုပ်တော့မယ်လို့ အစိုးရရဲ့တရားဝင်ကြေညာထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013