DVB Logo
Home
Lead Story
သိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးဖို့ ကော်မတီရုံးတွေ နိုင်ငံအနှံ့ ဖွင့်ဖို့ရှိ (မေးမြန်းခန်း)
DVB
·
February 21, 2014
သိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးဖို့ ကော်မတီရုံးတွေ နိုင်ငံအနှံ့ ဖွင့်ဖို့ရှိ (မေးမြန်းခန်း)
Donate to DVB

သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးမယ့် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီရုံးတွေ တနိုင်ငံလုံးအနှံ့ ဆက်လက် ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ နေပြည်တော် ဒက္ခိဏသီရိခရိုင် မြေအသုံးချ ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက ပြောပါတယ်။

[caption id="attachment_52042" align="alignright" width="300"]အသိမ်းခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေကြတဲ့ တောင်သူလယ်သမားများ အသိမ်းခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေကြတဲ့ တောင်သူလယ်သမားများ[/caption]နေပြည်တော်ခရိုင်နဲ့ မြို့နယ်အသီးသီးမှာတော့ ဖေဖော်ဝါရီ ၂၀ ရက်ကထဲက စတင် ဖွင့်လှစ်လိုက်ပြီး ဆက်သွယ်ရမယ့် ရုံးလိပ်စာနဲ့ ဖုန်းနံပါတ်တွေပါ ထည့်သွင်းဖော်ပြထားတဲ့ ကြေညာချက်ကို နိုင်ငံပိုင်သတင်းစာတွေထဲ ဖော်ပြခဲ့ပါတယ်။

အလားတူ ကြေညာချက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မူလမြေပိုင်ရှင်တွေဟာ အဲဒီ မြေအသုံးချစီမံခန့်ခွဲရေးကော်မတီရုံးခန်းတွေနဲ့ ဆက်သွယ်ပြီး လယ်မြေပြန်ရဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
လယ်မြေပြန်ရရှိရေး ဘယ်ပုံဘယ်နည်း လုပ်ဆောင်ပေးမလဲဆိုတာ သိရအောင် ဦးဝင်းမြင့်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ၀န်ကြီးဌာနဆိုင်ရာတွေ၊ စစ်တပ်နဲ့ ကုမ္ပဏီတွေက အကြောင်းအမျိုးမျိုး ပြပြီး သိမ်းထားတဲ့လယ်မြေတွေကို အခုနှစ် စက်တင်ဘာလကုန်မှာ အပြီးအပြတ် ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အခုလို ကော်မတီရုံးတွေ နိုင်ငံအနှံ့ ဖွင့်သွားမယ့်သတင်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013