DVB Logo
Home
မြန်မာသတင်း
ပြည်နယ်အစိုးရနှင့်ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားနေ့ ပူးပေါင်းကျင်းပ
DVB
·
February 20, 2014
ပြည်နယ်အစိုးရနှင့်ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားနေ့ ပူးပေါင်းကျင်းပ
Donate to DVB

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်ကို ချင်းပြည်နယ်အစိုးရ နဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပါတယ်။

၆၆ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားတွေကို ချင်းတိုင်းရင်းသားတို့ ရောက်ရှိနေထိုင်ရာ ပြည်တွင်းပြည်ပ နေရာအနှံ့ ကျင်းပခဲ့တာမှာ ပြည်နယ်အဆင့် ပွဲတော်ကို ချင်းပြည်နယ်အစိုးရ နဲ့ အပစ်ခတ်ရပ် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ကျင်းပခဲ့တာပါ။

[caption id="attachment_52028" align="alignright" width="300"]ဓာတ်ပုံ - chinlandguardian ဓာတ်ပုံ - chinlandguardian[/caption]အရင်က အစိုးရကို လက်နက်ကိုင်တော်လှန်တိုက်ခဲ့တဲ့ သူတို့အဖွဲ့ဟာ အခုခါမှာ အစိုးရနဲ့ ပူးပေါင်းပြီး ချင်းအမျိုးသားနေ့အခမ်းအနားကို အမျိုးသားရေး အနှစ်သာရရှိရှိ ကျင်းပနိုင်တာဟာ ထူးခြားမှုတရပ်ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကလည်း ငြိမ်းချမ်းရေးတည်တံ့ဖို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောင်ရေး သ၀ဏ်လွှာ ပေးပို့ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆလိုင်းရွှေခါးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မနှစ်က ချင်းပြည်နယ် ၉ မြို့နယ်က ချင်းမျိုးနွယ်စု ကိုယ်စားလှယ်တွေပဲ တက်ရောက်လာပေမယ့် ဒီနှစ်မှာတော့ တောင်သာ၊ ကလေး၊ တမူး စတဲ့ မြို့နယ်က ချင်းမျိုးနွယ်စု ကိုယ်စားလှယ်တွေပါ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက် မင်းတပ် မြို့မအားကစားကွင်းမှာ ကျင်းပခဲ့တဲ့ လူထုစည်းဝေးပွဲအခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်ပေးပို့တဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ငိုင်းက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက် နဲ့ ချင်းပြည်နယ်နေ့ နဲ့ ချင်းအမျိုးသားနေ့ ကွဲကွဲပြားပြားဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့ အကြောင်းတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦးရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေး ဆက်လက်ကြိုးစားဖို့ တိုက်တွန်းခဲ့တယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။

ချင်းအမျိုးသားနေ့ အခမ်းအနားကို အရင်စစ်အစိုးရလက်ထက်တွေက ပြည်နယ်နေ့အဖြစ် မသဲမကွဲရောနှော ကျင်းပခဲ့ရတာပါ။

၂၀၁၂ ခုနှစ်က ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း အမျိုးသားနေ့အဖြစ် ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့ တောင်းဆိုခဲ့ပြီး ပြည်နယ်လွှတ်တော်ကလည်း ပြည်ထောင်စုအစိုးရထိ ဆက်လက် တင်ပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေး တောင်းဆိုနေတယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။

ချင်းအမျိုးသားနေ့ကို လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းပြည်နယ်မှာ ပဒေသရာဇ်စနစ်ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ နေ့ရက်ကို အစွဲပြု သတ်မှတ်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်နေ့ကိုတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေမှာ ချင်းဝိဒေသတိုင်းကနေ ချင်းပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဆိုတဲ့ ဇန်န၀ါရီလ ၃ ရက်နေ့ကို အစွဲပြု သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013