DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှား ဒီမိုကရေစီ ပြောင်းလဲရေး မြန်မာခေါင်းဆောင်များ လေ့လာ
DVB
·
February 20, 2014
အင်ဒိုနီးရှား ဒီမိုကရေစီ ပြောင်းလဲရေး မြန်မာခေါင်းဆောင်များ လေ့လာ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အစိုးရ၊ ပါတီတွေနဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေ သွားရောက်လေ့လာခဲ့ပါတယ်။

ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့မှာ ဖေဖော်ဝါရီ ၁၇ နဲ့ ၁၈ ရက် ၂ ရက်တာ ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_52021" align="alignright" width="300"]ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ - ညိုအုန်းမြင့်) ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ - ညိုအုန်းမြင့်)[/caption]ဒီ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့အဖွဲ့ဝင်တချို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီ အလုပ်ရုံဆွေးနွေးပွဲမှာ အဓိကအားဖြင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အရပ်ဘက်နဲ့ စစ်ဘက်ဆက်ဆံရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဘာသာရေး၊ လူမှုရေးနဲ့ နိုင်ငံရေးစိန်ခေါ်မှုများအကြောင်းကို မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေများနဲ့ နှိုင်းယှဉ်ပြီး ဆွေးနွေးသွားခဲ့တယ်လို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“အဓိက ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ ဆင်တူအဖြစ်တွေ အတော်များများ ရှိတယ်။ သူတို့ စစ်အုပ်ချုပ်ရေးကနေပြီး နိုင်ငံရေးမှာ ပါဝင်မှုက တဖြည်းဖြည်း ဆုတ်သွားတဲ့အနေအထား၊ အထူးသဖြင့် သူတို့က ဖက်ဒရယ်မခေါ်ပေမယ့် ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းတဲ့ နိုင်ငံဖြစ်တယ်။ အာဏာခွဲဝေမှု၊ သဘာဝ အရင်းအမြစ် ခွဲဝေရေး၊ နောက်တခုက သူတို့အာချေးမှာ ရေနံထွက်တယ်။ မူလက ထွက်တဲ့ရေနံက အကျိုးကျေးဇူးတွေကို ဗဟိုအစိုးရကပဲ ချုပ်ကိုင်ပြီး သုံးတယ်။ အခုက ၈၀ ရာခိုင်နှုန်းကို အာချေးပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးတယ်။ ၂၀ ရာခိုင်နှုန်းပဲ ဗဟိုအစိုးရသုံးတယ်။ အဲလိုသဘောပေါ့။ နောက်ပြီး နှစ်ပေါင်း ၃၀ ကျော် တိုက်ခိုက်လာခဲ့တဲ့ နောက်ပိုင်း ငြိမ်းချမ်းရေးကို သူတို့ ဘယ်လိုတည်ဆောက်တယ်၊ ဘယ်လို အပေးအယူလုပ်တယ်ဆိုတာတွေကို လေ့လာပါတယ်။

ဒီဆွေးနွေးပွဲကို အင်ဒိုနီးရှားက အဖွဲ့အစည်းနဲ့ မြန်မာအီးဂရက်က ပူးပေါင်း ကျင်းပတာလို့ ဆိုပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတရုံး အမှတ် (၄) ပြည်ထောင်စုဒုဝန်ကြီး ဦးအောင်သိန်း တက်ရောက်ခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားနဲ့ ပါတီခေါင်းဆောင်တွေ အခုလို အလုပ်ရုံဆွေးနွေးနေချိန်မှာလည်း မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်ဒိုနီးရှားကို ရောက်ရှိနေပြီး အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲကို လေ့လာခဲ့ပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဒေါက်တာ ပါနိုမို ယူစ်ဂျီ ယန်တိုရို ( Purnomo Yusgiantoro) တို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဂျကာတာမြို့မှာ တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို စိတ်ဝင်စားတဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေဟာ မြန်မာတွေအတွက်လည်း အထောက်အကူ ရလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013