DVB Logo
Home
Lead Story
တအာင်းဒုက္ခသည်အခြေအနေ မြို့ပေါ် တက်ရှင်းပြမည်
DVB
·
February 20, 2014
တအာင်းဒုက္ခသည်အခြေအနေ မြို့ပေါ် တက်ရှင်းပြမည်
Donate to DVB

ရှမ်းပြည်နယ်အတွင်းရှိ (တအာင်း) ပလောင်ဒေသမှာရှိတဲ့ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဒီလ ၂၅ ရက်နေ့ ရှင်းလင်းပြောကြားမယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

palaungတအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်း လေ့လာခဲ့တဲ့ တွေ့ရှိချက်တွေကို စုစည်းထားတဲ့ “လျစ်လျူရှုခံ အကြပ်အတည်း” အစီရင်ခံစာတစောင်ကိုလည်း ထုတ်ပြန်မှာဖြစ်ပါတယ်။

ဒီရှင်းလင်းပွဲမှာ ပြည်တွင်း ဒုက္ခသည်စခန်းက ကလေးတွေ ပညာသင်ကြားခွင့်မရတာ၊ အကူအညီ မလုံလောက်တာ၊ ကျန်းမာရေးချို့တဲ့ပြီး ဆေးဝါးမလုံလောက်တာ၊ အလုပ်လက်မဲ့တွေ ဖြစ်နေကြတာ စတဲ့ အခြေအနေတွေနဲ့ ဇာတိမြေနေရပ်ကို မပြန်နိုင်ကြဘဲ အနာဂတ်မဲ့နေကြတဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားကြမှာဖြစ်ပြီး မီဒီယာတွေကို ဖိတ်ကြားထားပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးနီးပါး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားကြပေမယ့် (တအာင်း) ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ကတော့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ ပလောင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013