DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကျဆုံးသူရဲကောင်းများအတွက် အလံနက်လွှင့်ထူကာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
DVB
·
March 3, 2022
ရန်ကုန်တွင် ကျဆုံးသူရဲကောင်းများအတွက်  အလံနက်လွှင့်ထူကာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
1 / 8
Donate to DVB

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုကြောင့်ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ရန်ကုန်မြို့ နေရာတနေရာမှာ  ‘ကမ္ဘာတည်သရွေ့ ဥဒါန်းမကျေဘူး’ ကြွေးကြော်သံနဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်တဲ့ ဆန္ဒပြပွဲတစ်ခုကို  ဒီနေ့ မတ်လ ၃ ရက်နေ့မှာ ကျောင်းသားလူငယ်တွေစုပေါင်း လုပ်ဆောင်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို လူငယ်များ သမဂ္ဂက ဦးဆောင်ကာ Labour Alliacne အဖွဲ့ဝင် (CTUM) ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Revolution Force (RF) ၊  တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု၊  Youth Association of Thingangyun (YAT)၊  LGBT Community Yangon, LGBT Union Mandalay ၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ၊ လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ ၊ အခြေခံကျောင်းသား လူငယ်အစည်းအရုံး (ဗဟို)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့ကလူငယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

အကြမ်းဖက်အာဏာသိမ်း ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှာ သွေးမြေကျ ကျဆုံးခဲ့တဲ့ နွေဦးတော်လှန်ရေး အာဇာနည်တွေနဲ့ အဓမ္မ ဖမ်းဆီးခံရတဲ့ အကျဉ်းထောင်ရှိ သူရဲကောင်းတွေကို ဂုဏ်ပြုဝမ်းနည်းခြင်းအထိမ်းအမှတ် အလံနက် လွှင့်ထူကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖက် စစ်တပ်အား ဆက်လက်တော်လှန်ပုန်ကန်နေမယ်လို့ လူငယ်တွေက ကတိပြုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013