DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ သွားရောက်မည်
DVB
·
March 3, 2022
အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ သွားရောက်မည်
Donate to DVB

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆိုခွန်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံကို မတ်လ ၂၀ ရက်ကနေ ၂၃ ရက်အထိ ပထမဆုံးအကြိမ် လာရောက်ဖို့ စီစဉ်ထားပါတယ်။

အဲဒီကြေညာချက်ကို ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း Fresh News သတင်းမှာ ဖော်ပြထားပါတယ်။ 

ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပရာခ်ဆိုခွန်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး လူသားချင်းစာနာမှုအကူအညီတွေ မြှင့်တင်ဖို့အတွက် မြန်မာနိုင်ငံကို မတ်လ ဒုတိယပတ်အတွင်း သွားရောက်မှာဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် ဧပြီလ ဂျကာတာအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီမှု ၅ ချက် ထွက်ပေါ်ပြီးကတည်းက အာဆီယံအဖွဲ့ကြီးက အထူးသံတမန်ခန့်အပ်ကာ မြန်မာနိုင်ငံကို စေလွှတ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

အဲဒီအချိန်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အထူးသံတမန်လည်း မြန်မာပြည်သွားဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အခု ကမ္ဘောဒီယားနိုင်ငံက အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာချိန်မှာ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ထပ်မံကြိုးစားနေတာဖြစ်ပေမဲ့ ခုချိန်အထိ အကောင်အထည်ပေါ်မလာသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013