DVB Logo
Home
Lead Story
၁ လ ဖုန်း ရင်းဂစ် ၃၀ ဖိုးပြောရင် အသက်အာမခံ ရမည်
DVB
·
February 20, 2014
၁ လ ဖုန်း ရင်းဂစ် ၃၀ ဖိုးပြောရင် အသက်အာမခံ ရမည်
Donate to DVB

Tone Plus ကုမ္ပဏီက ထုတ်တဲ့ ဆင်းကတ် သုံးရင် အသက်အာမခံ ပါ ရရှိစေမယ့် အစီအစဉ်တခုကို မလေးရှားကုမ္ပဏီနဲ့ မြန်မာ အလုပ်သမားဝန်ကြီးဌာနတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

imagesလက်မှတ်ရေးထိုးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Tone Plus ကုမ္ပဏီ တာဝန်ရှိသူတွေက မလေးရှားသွားမယ့် အလုပ်သမားတွေကို သူတို့ ထုတ်လုပ်တဲ့ ဆင်းကတ်အခမဲ့ ပေးမယ်၊ ၁ လကို အနည်းဆုံး အမေရိကန် ၉ ဒေါ်လာကျော်နဲ့ ညီမျှတဲ့ မလေးရှား ရင်းဂစ် ၃၀ ဖိုး ဖုန်းပြောရမယ်လို့ ဆိုပါတယ်။

ဖုန်းအသုံးပြုပြီး ၂ လ အကြာမှာ အာမခံ စနစ် အသက်ဝင်မှာ ဖြစ်ပြီး ဆင်းကတ် အသုံးပြုတဲ့ မြန်မာအလုပ်သမား တယောက်ယောက် မတော်တဆ ထိခိုက် သေဆုံးပါက အသက်အာမခံကြေး ဒေါ်လာ ၃ သောင်းကျော်နဲ့ ညီမျှတဲ့ မလေးရှားရင်းဂစ် ၁ သိန်း ရရှိစေမယ်လို့ ရှင်းပြပါတယ်။

ဆင်းကတ်တွေကို လာမယ့် မတ် ၁ ရက်နေ့ကစ အခမဲ့ပေးမှာ ဖြစ်ပြီး ဖုန်းပြောဆိုခ ကတော့ ၁ မိနစ် ၀ ဒဿမ ၂၈ ရင်းဂစ် ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013