DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၂၀ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
February 20, 2014
ဖေဖော်ဝါရီ ၂၀ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

2014ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၄ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာပိုနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ လောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၉ လောက် ရှိနိုင်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြု ကာကွယ်ကြဖို့ တိုက်တွန်း လိုက် ရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက် ညအပူချိန်ခန့်မှန်းချက်ကတာ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသတွေမှာ ညအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၁၇ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှုကတာ့ တနိုင်ငံလုံးမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက် မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။
.
ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက် မိုးရေချိန်ကတော့ ကချင်ပြည်နယ် အနောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းစွန်း ၂၄ နာရီအတွင်း မိုးရေချိန် ၁ မီလီမီတာမှ ၅ မီလီမီတာလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးနဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013