DVB Logo
Home
မြန်မာသတင်း
CDM ကျန်းမာရေးဝန်ထမ်း ၁၅၀ ခန့်ကို နွေဦးထီပရောဂျက်မှ ထောက်ပံ့
DVB
·
March 3, 2022
CDM ကျန်းမာရေးဝန်ထမ်း ၁၅၀ ခန့်ကို နွေဦးထီပရောဂျက်မှ ထောက်ပံ့
1 / 2
Donate to DVB

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း ၃၀၀၀၀ ကျော်ထဲက စားဝတ်နေရေး ခက်ခဲနေတဲ့ ဝန်ထမ်း ၁၄၈ ယောက်ကို နွေဦးထီပရောဂျက်က တဆင့် ထောက်ပံ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးထီ အစီအစဉ်ကတဆင့် ထောက်ပံ့ငွေတွေကို ဌာနအသီးသီးဆီ ခွဲဝေထောက်ပံ့မှုကတဆင့် ရရှိတာဖြစ်ပြီး ကျန်းမာရေး CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေခွဲတမ်း ကျပ် ၇၄ သိန်းကို ချီးမြှင့်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ကျန်းမာရေး CDM ဝန်ထမ်းတွေ ထောက်ပံ့ကြေးရရှိမှု အခြေအနေကတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှာ ၄၄၈ ယောက်၊ ဒီဇင်ဘာမှာ ၂၃၉ ယောက်၊ အခုနှစ် ဇန်နဝါရီမှာ ၂၁၅ ယောက် ရရှိခဲ့တာမို့ အရင်လတွေကထက် ပိုပြီးတော့ နည်းပါးလာခဲ့တာ ဖြစ်ပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားတာပါ။

လတ်တလောမှာတော့ နွေဦးထီဟာ တော်လှန်သူပြည်သူတွေရဲ့ ဝန်းရံမှုနဲ့ စစ်ကောင်စီရဲ့ အောင်ဘာလေထီကို အလဲထိုးနိုင်ခဲ့သလို CDM ဝန်ထမ်းတွေကိုလည်း ချီးမြှင့်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် နွေဦးထီရဲ့ ကွန်ရက်ကို မြန်မာတနိုင်ငံလုံး လွှမ်းခြုံနိုင်စေဖို့ တာဝန်သိ CDM ဝန်ထမ်းစာရင်း ပြုစုတာ၊ စိစစ်တာ၊ ထောက်ပံ့ ID ထုတ်ပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ CDM ဝန်ထမ်းပေါင်း ၁၆၀,၀၀၀ ကျော်နဲ့ ချိတ်ဆက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ထက်ဝက်ကျော်ဖြစ်တဲ့ ၅၁ ရာခိုင်နှုန်းဟာ ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ နွေဦးထီပရောဂျက်ကနေ ချီးမြှင့်နိုင်တဲ့ ဝန်ထမ်းအရေအတွက်ဟာ ချိတ်ဆက်ထားတဲ့ အရေအတွက်ရဲ့ ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း တာဝန်သိ CDM ဝန်ထမ်းတွေကို ချီးမြှင့်ရင်း တော်လှန်ရေးမှာ ပါဝင်နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013