DVB Logo
Home
Lead Story
မှောင်ခိုဖမ်းမှုကြောင့် ကုန်သွယ်မှုပမာဏ တိုးတက်ဟုဆို
DVB
·
February 20, 2014
မှောင်ခိုဖမ်းမှုကြောင့် ကုန်သွယ်မှုပမာဏ တိုးတက်ဟုဆို
1 / 2
Donate to DVB

တရားမ၀င် မှောင်ခိုကုန်ပစ္စည်း ဖမ်းဆီးမှု စတင်ချိန်ကနေ ၂၀၁၄ ဖေဖော်ဝါရီ ဒုတိယပတ် အထိ အမှုပေါင်း ၂၇၀၀ ကျော် ဖမ်းမိခဲ့ပြီး ကုန်ပစ္စည်း ကျပ်ငွေ ၁၁ ဘီလီယံကျော်ဖိုးအထိ ဖမ်းဆီး ရမိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

[caption id="attachment_47718" align="alignleft" width="300"]ဦးဝင်းမြင့် ဦးဝင်းမြင့်[/caption]

ဖေဖော်ဝါရီ ၁၉ ရက်နေ့က နေပြည်တော်မှာ တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီလို မှောင်ခို ဖမ်းဆီးခဲ့လို့လည်း တရားဝင်ကုန်သွယ်မှု ပမာဏ တိုးတက်လာလို့ အကျိုးရှိတယ်ဆိုပြီး သူက ပြောပါတယ်။

အရင်နှစ်က ခုလိုအချိန် ကုန်သွယ်မှုပမာဏ ၁၆ ဘီလီယံလောက်ပဲ ရှိခဲ့ပေမယ့် အခုနှစ် ၂၁ ဘီလီယံအထိ ရောက်လာလို့ ကုန်သွယ်မှု ဒေါ်လာ ၅ ဘီလီယံစာလောက် တက်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013