DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးတံခွန်တွင် ဖျက်ဆီးခံရသည့်နေအိမ် ၂၀၀ ကျော်က ပြည်သူ ၁၀၀၀ ခန့် စားဝတ်နေရေး အခက်ကြုံ
DVB
·
March 2, 2022
ပြည်ကြီးတံခွန်တွင် ဖျက်ဆီးခံရသည့်နေအိမ် ၂၀၀ ကျော်က ပြည်သူ ၁၀၀၀ ခန့် စားဝတ်နေရေး အခက်ကြုံ
Donate to DVB

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်ရပ်ကွက်က ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးခံခဲ့ရတဲ့ နေအိမ် ၂၀၀ ကျော်က လူဦးရေ ၁၀၀၀ လောက် စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်၊ ရဲနဲ့ စည်ပင်ဝန်ထမ်းတွေက ဓာတ်ကြိုးမလွတ်လို့ဆိုပြီး တာဝါတိုင်အောက်ဘက်နားရောက်နေတဲ့ ဂရန်ပေါက်ပြီးသား လူနေအိမ် ၂၀၀ ကျော် ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးသွားခဲ့တာပါ။
ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင်တဦးက “မနက် ၈ နာရီထိ ဘာမှမသိရသေးဘူး။ ၉ နာရီဝန်းကျင်မှာ သူတို့ရောက်ပြီး ဓာတ်ကြိုးမလွတ်လို့ ၁ နာရီအတွင်း ပစ္စည်းတွေသိမ်းပြီး ဖယ်ခိုင်းတယ်ဆိုတာ အမေ ဖုန်းဆက်ပြောမှ သိရတာ။ မနက် ၁၀ နာရီမှာ အပြီးထွက်ပေးရမယ်တဲ့။ သံတိုသံစကောက်တဲ့ လူတွေကလည်း သူ့ပစ္စည်း ကိုယ့်ပစ္စည်းမှန်းမသိ ဝင်ယူကြတယ်။ အိမ်ဆောက်ထားပြီး လူမနေတဲ့ အိမ်တွေဆို ရေစက်တွေကအစ ဝင်ယူသွားကြတာ။ ၂၆ ရက်နေ့ တရက်ပဲ အိမ်တွေလာဖျက်သွားပြီး အခုထိ ဆက်မလာတော့ကြောင့် အိမ်ဝိုင်းပိုင်ရှင်တွေက ကိုယ့်မြေနေရာလေးမှာ ပြန်ရနိုးနိုးနဲ့ တဲလေးတွေထိုးပြီး အိပ်နေကြတယ်။ တချို့ဆို ငိုယိုပြီး တက်သွားကြလို့ ဆေးရုံဆေးခန်းပို့ရတဲ့အထိ ဖြစ်သွားကြတယ်” လို့ ပြောပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင် နောက်တဦးက “အဓိကကတော့ မိန်းမသားတွေပေါ့။ ယောက်ျားရင့်မာကြီးတွေတောင် မျက်ရည်လည်ကြသေးတာပဲ။ ပုံမှန် လစာကောင်းတခုရှိတဲ့ ကျမတို့တောင် စားဝတ်နေရေး ခုထိ အဆင်မပြေသေးတာ၊ တချို့မိသားစုတွေ တော်တော်ဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။
နေအိမ်ဖျက်ဆီးခံရသူတွေဟာ အိမ်ငှားရာမှာလည်း နိုင်ငံရေးနဲ့ မလွတ်မှာ စိုးရိမ်ပြီး အိမ်ပိုင်ရှင်တွေက လက်မခံကြတာကြောင့် လမ်းဘေးမှာ အိပ်နေကြရတယ်လို့ ဆိုပါတယ်။
အနီးအနားက ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ခိုကပ်နေသူတွေရှိသလို တချို့လည်း ပစ္စည်းလောက်ပဲ ဘုန်းကြီးကျောင်းထဲ လွတ်ရင်ပြီးရော ပုံထားကြပြီး စားဝတ်နေရေး အရမ်းခက်ခဲနေကြရတယ်လို့ သိရပါတယ်။
နေအိမ်ဖျက်ဆီးခံရတဲ့သူတွေဟာ ရဲဘော်ကွက်သစ်ရပ်ကွက်အတွင်းမှာ နှစ် ၄၀ ကျော် နေထိုင်လာကြတာဖြစ်ပြီး အိမ်ဝိုင်းဂရန်ပေါက်ပြီးသားတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း စစ်ကောင်စီက အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နဲ့ အမရပူရမြို့နယ်အတွင်းရှိ ရထားသံလမ်းဘေးက နေအိမ်တွေကို ဖယ်ရှားခိုင်းတာ၊ ကမ်းနားလမ်းဘေးက တဲအိမ်တွေကို ဖယ်ရှားရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013