DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကိုဗစ်ကူးမှုမြင့်တက်၊ အစင်ကျေးရွာက ကျောင်းသားကျောင်းသူ ၁၆၀ ကျော် ကူးစက်ခံရ
DVB
·
February 28, 2022
ရေးမြို့နယ်တွင် ကိုဗစ်ကူးမှုမြင့်တက်၊ အစင်ကျေးရွာက ကျောင်းသားကျောင်းသူ ၁၆၀ ကျော် ကူးစက်ခံရ
1 / 5
Donate to DVB

မွန်ပြည်နယ်  ရေးမြို့နယ်မှာ ၂ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာမှာ ၁၀၇ ဦးတွေ့ရှိခဲ့ပြီး အစင်ကျေးရွာက ကျောင်းသားကျောင်းသူ ဆရာဆရာမတွေ အများစုဖြစ်တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

“အရင်ကိုဗစ် တတိယလှိုင်းကထက် အခု ကိုဗစ်ကူးစက်မှုက မြန်တယ်။ ဒါပေမဲ့ ရောဂါလက္ခဏာပြင်းထန်တဲ့သူ မရှိသလောက်ဘဲ၊ ၅ ရက်အတွင်း ပြန်လည်ကျန်းမာလာတာကို တွေ့ရတယ်” ပရဟိတသမားတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က အစင်မူလွန်ကျောင်းကနေ ဆရာမတဦးမှာ ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြီး ထိတွေ့ထားတဲ့ ကျောင်းသား/သူ ၁၇ ဦးမှာ ထပ်မံပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီနောက် အစင်ရွာမ မူလွန် အထက ကျောင်းမှာ ထပ်မံစစ်ဆေးချက်အရာ ကျောင်းသား/သူပေါင်း ၁၆၃ ဦး ကိုဗစ်ပိုးတွေ့ခဲ့တာလို့ ပရဟိတသမားတဦးက ပြောပါတယ်။

ကာကွယ်တားဆီးရေးအပိုင်းက အရင်ကထက်အားနည်းလာတာကြောင့် မြို့ပေါ်နဲ့ နယ်ကျေးရွာတွေပါ ကူးစက်မှုက တနေ့တခြား ပိုများလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၁ ပတ်အတွင်း စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါဖြစ်ပွားသူစုစုပေါင်း ၁,၀၈၅ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိခဲ့ပြီး ရေးမြို့နယ်က ကိုဗစ် အတည်ပြုလူနာ ၃၀၀ ကျော် ရောဂါကူးစက်မှု အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013