DVB Logo
Home
မြန်မာသတင်း
မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
February 19, 2014
မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရှိရပါတယ်။

[caption id="attachment_16687" align="alignleft" width="300"]ဒေါက်တာ ထွန်းလွင် ဒေါက်တာ ထွန်းလွင်[/caption]

ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပုံမှန် အပူရှိန်ထက် အနည်းငယ်ပိုနိုင်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၇ လောက် ရှိနိုင်ပါတယ်။

မကွေးတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာတော့ ပုံမှန် အပူရှိန်ထက် သိသိသာသာ မြင့်တက်နိုင်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၉ လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၈ လောက် ရှိနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက် ညအပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသတွေမှာ ညအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ ၁၇ ဒီဂရီ စင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ကတော့ တနိုင်ငံလုံးမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက် မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် သေချာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက် မိုးရေချိန် ခန့်မှန်းချက်အနေနဲ့ကတော့ ကချင်ပြည်နယ် အနောက်ပိုင်း၊ စစ်ကိုင်းတိုင်းအရှေ့ပိုင်းစွန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းစွန်း၊ တနင်္သာရီတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ မီလီမီတာမှ ၅ မီလီမီတာလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေတာကို တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင် ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၈ နာရီခွဲ အချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရှိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် မန္တလေးနဲ့ အနီးတ၀ိုက်မှာ တိမ်အနည်ငယ်ဖြစ်ထွန်းနေတာကို တွေ့ရမှာပါ။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013