
တရုတ်ရဲ့ ဝံပုလွေစစ်သည် အပြုအမူကို မကြိုက်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ကျားလုံ က ပြောလိုက်ပါတယ်။
တိုင်ပေဟာ ပစိဖစ်ကျွန်းဖိုရမ်တက်ရောက်ဖို့ အရည်အချင်းမမီကြောင်းနဲ့ သူတို့ရှိနေတာက အကျိုးဆက်တွေကို ဖြစ်ပေါ်စေတယ်လို့ တရုတ်က ပြောခဲ့တဲ့အပေါ်မှာ ထိုင်ဝမ်ဘက်က တုံ့ပြန် ပြောကြားလိုက်တာပါ။
တရုတ်ရဲ့ ရည်ရွယ်ချက်တွေက ထိုင်ဝမ် ဒီထိပ်သီး အစည်းအဝေးကို တက်တာကို မကြိုက်ဘူးလို့ လင်ကျားလုံက သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်ရဲ့ အပြုအမူတွေက ရယ်စရာကောင်းပြီး ပစိဖစ်နိုင်ငံတွေကို ရွဲ့စောင်းပြောတာ ဖြစ်တဲ့ အကြောင်း လင်က ပြောပါတယ်။ ဒါ့အပြင် လင်က တရုတ်အရာရှိတွေဟာ အဲ့ဒီပွဲတွေမှာ သူလျို လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
အရပ်ဝတ်နဲ့ တရုတ်အရာရှိတွေကို တရုတ်ကွန်မြူနစ်ပါတီက စေလွှတ်ခဲ့ပြီး ဖိုရမ်ရဲ့ နေရာအများ အပြားမှာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
ထိပ်သီးအစည်းအဝေးပွဲကျင်းပခဲ့တဲ့ ပလောင်းနိုင်ငံဟာ ထိုင်ဝမ်ကို တရားဝင် အသိအမှတ်ပြုတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ဟာ သူတို့နိုင်ငံရဲ့ ပြည်နယ် ၁ ခုသာဖြစ်ပြီး နိုင်ငံမဟုတ်ဘူးလို့ ပြောထားတဲ့အပေါ် ထိုင်ဝမ်အစိုးရက အဲ့ဒီပြောဆိုချက်ကို ပြင်းထန်စွာပယ်ချထားပါတယ်။
Source:Reuters











