DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးခဲ့သည့် စစ်ရှောင်မိသားစု ၃ ဦးအပါအဝင် စုစုပေါင်း ၁၅၈၂ ဦး ရှိလာ
DVB
·
February 26, 2022
စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးခဲ့သည့် စစ်ရှောင်မိသားစု ၃ ဦးအပါအဝင် စုစုပေါင်း ၁၅၈၂ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၈၂ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၃၉၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၃၇၈ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၇၆၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ချောင်းခွကျေးရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၄၀ အရွယ် ငွန်ဇာလဲန်နဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မိုင်သီယန် နွန်ကြွယ်၊ အသက် ၁၄ နှစ်အရွယ် မိုင်ငွန်ဇာသီယန်တို့ကို အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက ဖေဖော်ဝါရီ ၂၃ ရက်မနက်ပိုင်းက သံဖိုကျေးရွာ ယာတောတခုအတွင်းက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို သံဖိုကျေးရွာအရှေ့ဘက် ယာတောတစ်ခုအတွင်း ဒေသခံတွေက တွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၂၉ ရက်ကတည်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့က စားသောက်ဆိုင်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၉ ယောက်ဖြစ်ကြတဲ့ ကိုရဲမင်းကျော်၊ ကို ကျော်ဇေယျ၊ ကိုအောင်မျိုးဟိန်း၊ ကိုအေးစိုးပိုင်၊ ကိုအောင်မျိုးထွေး၊ မစုလှိုင်နွေး၊ မစန်း မြတ်မြတ်ထူး၊ မထက်ထက်ဇော်နဲ့ မအိသန္တာတို့ကို ထားဝယ်အကျဉ်းထောင်တွင်း အထူးတ ရားရုံးကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ နှစ်စီ ပြစ်ဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါလူငယ် ၉ ယောက်ဟာ ရာဇသတ်ကြီးပုဒ် မ ၅၀၅ (က)၊ (ဂ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ တွေနဲ့ တရားစွဲခံခဲ့ရတာ ဖြစ်ကာ သူတို့ထဲက တယောက်ဖြစ်တဲ့ မစုလှိုင်နွေးမှာ သားအိမ်နဲ့ ကျောက်ကပ်ရောဂါခံ စားနေရပြီး ဆေးကုသမှုရရှိနိုင်ဖို့ တောင်းဆိုထားကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013