DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား
DVB
·
February 26, 2022
ကေအန်ယူ တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာနဲ့ မယ်ပလိကျေးရွာကြား ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၅ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နတ်ကြီးကျေးရွာဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက် ၉ နာရီလောက်က နတ်ကြီးနဲ့ မယ်ပလိရွာကြားမှာ တစ်ကြိမ်၊ ၁၀ နာရီခွဲလောက်က တစ်ကြိမ် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နတ်ကြီးကျေးရွာသားတဦးက “ရွာနှစ်ရွာကြားမှာ တပ်ကကောင်တွေ စောင့်ပစ်ခံရတာ။  ထိမှန်တဲ့ကောင်တွေကို ပြန်ပို့ပြီးအပြန် ထပ်အပစ်ခံရတယ်။ ၅ ယောက်ကျတယ်လို့ ကြားတယ်။ KNLA ဘက်က ထိခိုက်တာ မကြားဘူး။ အခုနောက်ပိုင်း စစ်တပ်က ကောင်တွေ စစ်ရေးလှုပ်ရှားတာတွေ စိပ်လာတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်က တပ်မဟာ ၅ နယ်မြေကို ရိက္ခာသွားရောက်ပို့ဆောင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ယာဥ်တန်းကို အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကား ၄ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူ တာဂန်ရှိသူဦးက ပြောပါတယ်။

အခုလအတွင်း KNU တပ်မဟာ ၁ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်နဲ့ BGF တပ်ရင်း ၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအတွင်းကို မကြာခဏ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ခြောက်လှန့်ပြီး ငွေကြေးအတင်းအဓမ္မတောင်းယူတာ၊ အစားအစာနဲ့ပစ္စည်းတွေကို အတင်း အဓမ္မသိမ်းယူတာ၊ အတင်းအဓမ္မခိုင်းစေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်နေ့အထိ ကေအန်ယူထိန်းချုပ်နယ်မြေ​တွေအတွင်း စစ်ကောင်စီရဲ့တပ်၊ BGF ပူး​ပေါင်းတပ်တွေနဲ့ KNLA၊ KNDO တပ်တို့ တိုက်ပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်​ကောင်စီဘက်က ၂၂၇ ဦးသေဆုံးပြီး ၁၅၉ ဦးဒဏ်ရာရရှိခဲ့သလို KNU ဘက်က  တိုင်းပြည်နဲ့လူမျိုးအတွက် ၅ ဦး အသက်စွန့်ခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013