DVB Logo
Home
မြန်မာသတင်း
ရက် ၂၀ အတွင်း KNU နယ်မြေ၌ တိုက်ပွဲ ၆၇ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်က ၂၂၇ ဦးသေဆုံး
DVB
·
February 25, 2022
ရက် ၂၀ အတွင်း KNU နယ်မြေ၌ တိုက်ပွဲ ၆၇ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်က ၂၂၇ ဦးသေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ရက် ၂၀ အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၂၂၇ ဦးသေဆုံးပြီး ၁၅၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့တပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့ တိုက်ပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး KNLA၊ KNDO တပ်ဘက် တိုင်းပြည်နဲ့လူမျိုးအတွက် ၅ ဦး အသက်စွန့်ခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

စစ်ကောင်ရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေက မြေပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာတချို့က အရပ်သားပြည်သူတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ရပါတယ်။

KNU တပ်မဟာ ၁ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF တပ်ရင်း ၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအတွင်းကို မကြာခဏ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ခြောက်လှန့်ပြီး ငွေကြေးအတင်းအဓမ္မတောင်းယူတာ၊ အစားအစာနဲ့ ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူတာ၊ အတင်းအဓမ္မခိုင်းစေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါအပြင် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နဲ့ ဆောထီမြို့နယ်တွေအတွင်း စစ်ကောင်စီရဲ့တပ်တွေက အရပ်သားပြည်သူတွေ သွားလာရာမှာ စစ်ဆေးမေးမြန်းတာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စားဝတ်နေရေးအတွက် လုပ်ငန်းခွင် သွားလာရာမှာ လွပ်လပ်မှုမရှိတဲ့အပြင် ဖမ်းဆီးခံရမှာကို  စိုးရိမ်ခဲ့ကြရပါတယ်။

အလားတူ KNU တပ်မဟာ ၅  မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်နဲ့ လူသောမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ BGF တပ်ရင်း ၁၀၁၂/၁၀၁၃/၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေရဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို နေ့စဉ်လက်နက်ကြီးတွေ ပစ်ခဲ့တဲ့အပြင် ရက် ၂၀ အတွင်း ဒွယ်လိုးမြို့နယ်နဲ့ လူသောမြို့နယ်တွေထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၇ လုံး ကြဲချခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လကစတင်ပြီး စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်ခိုလှုံနေရသူ စုစုပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013