DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်စည်ပင်ရုံး ဗုံးခွဲပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
February 25, 2022
ပခုက္ကူမြို့နယ်စည်ပင်ရုံး ဗုံးခွဲပစ်ခတ်တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့နယ် စည်ပင်ရုံးကို ဒီကနေ့ မနက် ၁၁ နာရီကျော်လောက်မှာ Earquake People's Defence Force နဲ့ Yaung Force-UG တို့ပူးပေါင်းပြီး လက်ပစ်ဗုံး၊ သေနတ်တွေနဲ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရုံးအဆောက်ဦအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

EPDF-UG ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပိန်က “ကျနော်တို့ EPDF-UG က အမျိုးသမီး ရဲဘော်တွေက သေနတ်နဲ့ ၂ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို YF-UG ကလူငယ်တွေက လက်ပစ်ဗုံးတစ်လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အဆောက်ဦအစိတ်ပိုင်းတချို့ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီစည်ပင်ရုံးက စစ်ကောင်စီရဲ့ လက်ပါးစေ ဝန်ထမ်းတွေဟာ CDM ဝန်ထမ်းတွေကို ဆဲဆိုခြိမ်းခြောက်ဖိအားပေးနေသလို ပြည်သူလူထုဆီကနေ မတရား အခွန်ကောက်က စစ်ကောင်စီကို ဝင်ငွေရှာပေးနေတာကြောင့် သတိပေး တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ဆီက အမျိုးသမီးရဲဘော်တွေက Non CDM အမျိုးသမီးဝန်ထမ်းတွေကို တော်တော်လေး စိတ်တိုနေလို့ စစ်ဆင်ရေးမှာ ပါဝင်လာကြတာ။ ဒါနောက်ဆုံး အကြိမ်သတိပေးတာဖြစ်ပြီး Non CDM ဝန်ထမ်းတွေအနေနဲ့ အလုပ်ကနေ ချက်ချင်းနုတ်ထွက်ကြဖို့နဲ့ နောက်ဆိုရင် သူတို့မိသားစုဝင်တွေရဲ့ အသက်ကိုပါ အာမမခံဘဲ တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်” EPDF-UG ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

EPDF-UG အနေနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်အုပ်စု အမြစ်ပြတ်ပြုတ်ကျရေးအတွက် အရှိန်ဟုန်မြှင့်တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013