DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ် နမစားရစ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့
DVB
·
February 25, 2022
ရွှေဘိုမြို့နယ် နမစားရစ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နမစားရစ်ရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၅ နာရီလောက် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ ရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ နေစရာအိမ်မရှိတော့ပါဘူးဗျာ။ ဒီလောက်အထိ မရက်ဆက်သင့်ပါဘူး။ ရွာကတော့ လက်ရှိအချိန်အထိ မီးလောင်နေတာ အဝေးကနေပဲ ကြည့်နေရတယ်။ ဘယ်လုံးမီးလောင်ပြီး ဘယ်နှလုံး ကျန်မယ်တော့မသိဘူးဗျာ။ ကျနော်တို့ရွာသားတွေလည်း သူတို့လာကတည်းက ရွာအပြင်ထွက်ပြေးနေရတယ်။” 

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်အရှေ့ပိုင်းက ငပိအိုးကျေးရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၄၀ ကျော် မီးလောင်းဆုံးရှုံးခဲ့ရသလို အဲဒီရွာအနီးနားမှာရှိတဲ့ ဇီးဖြူကုန်းကျေးရွာနဲ့ မြို့လှ‌ကျေးရွာတွေကိုလည်း ဝင်ရောက်ရှာဖွေဖျက်ဆီးနေတာကြောင့် ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးနေတာကြောင့် ဒေသခံအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စားဝတ်နေရေး ခက်ခဲနေကြ ရပါတယ်။

ပုံ- မီးရှို့ခံနေရသည့် နမစားရစ်ရွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013