DVB Logo
Home
မြန်မာသတင်း
အစစ်ဆေးမခံပါက ၃ နှစ် ရပ်ဆိုင်းခံရမည်ဟု NLD နှင့် SNLD ပါတီတို့ကို စစ်ကောင်စီ ကော်မရှင် သတိပေး
DVB
·
February 24, 2022
အစစ်ဆေးမခံပါက ၃ နှစ် ရပ်ဆိုင်းခံရမည်ဟု NLD နှင့် SNLD ပါတီတို့ကို စစ်ကောင်စီ ကော်မရှင် သတိပေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့  ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကို  လာမယ့် သီတင်း နှစ်ပတ်အတွင်း ပါတီစာရင်းတွေကို ရုံးမှာ လာရောက်အစစ်ဆေးခံဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပါတီစာရင်းတွေအစစ်ခံဖို့ ပျက်ကွက်ပါက မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င) အရ အရေးယူခံရမှာဖြစ်ပြီး ပါတီအနေနဲ့လည်း ၃ နှစ် ယာယီရပ်ဆိုင်းခံမယ်လို့လည်း သတိပေးထားပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ UEC မီဒီယာတွေမှာ ထုတ်ပြောတဲ့အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ SNLD ပါတီကို ဖေဖော်ဝါရီ ၂၃ ရက်က အကြောင်းကြားခဲ့ကြောင်း  ပါတီအနေနဲ့  သူတို့ဆီကို သွားပြီးအစစ်ခံမှာမဟုတ်ဘဲ မိမိနေရာမှာသာ အစစ်ခံမယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က အစီအစဉ်နဲ့လုပ်တာပါ။ မီဒီယာကိုလည်းပြောတယ်။ကျနော်တို့ဆီလည်း စာရောက်တယ်။ အွန်လိုင်းတွေမှာတော့ ကျနော်တို့က အစစ်မခံဘူးလို့ပြောနေကြတာပေါ့။ တကယ့်တကယ်တော့ ကျနော်တို့ကစာရင်းစစ်ခံဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ရုံးမှာကိုယ် အစစ်ခံမယ်။ ကိုယ့်နေရာမှာပဲ ကိုယ်အစစ်ခံမယ်။ သူတို့ပြောတဲ့နေရာတော့ သွားအစစ်ခံမှာမဟုတ်ပါဘူး။”

လုပ်ထုံးလုပ်နည်းအရ UEC အနေနဲ့ သက်ဆိုင်ရာပါတီရုံးတွေဆီ သွားရောက်စစ်ဆေးရမှာဖြစ်ပြီး  အခုမှပါတီတွေအနေနဲ့  ကော်မရှင်ရုံးရှိရာကို  သွားရောက်အစစ်ခံဖို့  အကြောင်းကြားထားတာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ရှမ်းပြည်နယ်က တိုင်းရင်းသား တွေထဲမှာ အမတ်နေရာအများဆုံးရထားတဲ့ပါတီဖြစ်ပြီး  စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်တဲ့အစည်းအဝေးတွေကိုလည်း တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင် တွေအားလုံးနီးပါးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပြီး အဂတိမှုတွေအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ စွပ်စွဲ အမှုဖွင့်ထားကာ တဘက်မှာ စာရင်းလာရောက်အစစ်ခံဖို့ ပြောနေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013