DVB Logo
Home
မြန်မာသတင်း
မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
February 18, 2014
မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀  အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

[caption id="attachment_16687" align="alignright" width="300"]ဦးထွန်းလွင် ဦးထွန်းလွင်[/caption]

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေ အနေ ခန့်မှန်းချက်ကတော့ ရခိုင်၊ မြစ်ဝကျွန်းပေါ်၊ မွန်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်တို့မှာ လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင်ပါတယ်။ ကမ်းလွန်ပင် လယ်ပြင်မှာတော့ လှိုင်းအမြင့် ၃ ပေကနေ ၄ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာ ပိုနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၈ လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၉ လောက်အထိ ရှိနိုင်ပါတယ်။

တနိုင်ငံလုံးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေဟာ ပုံမှန်ထက် သိသိသာသာ မြင့်တက်နိုင်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုကာကွယ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက် ညအပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းဒေသတွေမှာ ညအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၁၇ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှုကတော့ တနိုင်ငံလုံးမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက် မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးနဲ့ အနီးတ၀ိုက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွက် အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013