DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ် သက္ကလရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
February 24, 2022
ကဝမြို့နယ် သက္ကလရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း ကဝမြို့နယ် သက္ကလ ရဲစခန်းကို မနေ့ည ၇ နာရီကျော်လောက်မှာ ကဝ PDFနဲ့ ခရမ်းPDF တို့ပူးပေါင်းပြီး ဗုံးအကြီးစား ၂ လုံးနဲ့ တိုက်ခိုက်ခဲတာလို့ ကဝPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှု လုပ်ဆောင်တဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေတာကြောင့် သေဆုံးဒဏ်ရာရတဲ့ အခြေနေကို အတိကျမသိရဘူး။ သူတို့ဘက်က သေနတ်နဲ့ ၁၀ ချက်လောက် ပြန်လည်ပစ်ခတ်သံကြားရပေမယ့် ကျနော်တို့ မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

သက္ကလမြို့မှာ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်းမှာလည်း ကဝ PDF က အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကဝ၊ ခရမ်း၊ သုံးခွ၊ သံလျင်၊ ကျောက်တန်း PDF တပ်ဖွဲ့တွေဟာ Fire Dragon လို့ အမည်ပေးကာ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ အရှိန်ဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013