DVB Logo
Home
မြန်မာသတင်း
သမီးကလေးကျေးရွာသားများကို နေရာပြောင်းရွှေ့
DVB
·
February 17, 2014
သမီးကလေးကျေးရွာသားများကို နေရာပြောင်းရွှေ့
Donate to DVB

ပဲခူးတိုင်းအလံနီကျေးရွာက အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးကျေးရွာသားတွေကို ကျောင်းထိုင်ဘုန်းတော်ကြီးက ဓမ္မာရုံမှာ ရွှေ့ပြောင်းနေရာချထားပေးလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းသားမရှိတဲ့ မိသားစုတွေ ဒီနေ့ မပြောင်းရွေ့ရင် တဲတွေကိုဖျက်ပြီး လူတွေကို တရားစွဲမယ်လို့ ပြောတာကြောင့် ဒီနေ့ နေ့လယ် ၁ နာရီမှာ  ယာယီတဲတွေကို ဖျက်ပြီး ဓမ္မာရုံကို ပြောင်းရွှေ့လိုက်တာပါ။

[caption id="attachment_51351" align="aligncenter" width="450"]သမီးကလေးကျေးရွာ ဖျက်ဆီးခံခဲ့ရစဉ်က သမီးကလေးကျေးရွာ ဖျက်ဆီးခံခဲ့ရစဉ်က[/caption]

ပဲခူးတိုင်းဒေသကြီးအစိုးရက ညနေပိုင်းလာရောက်ဖျက်သိမ်းတဲ့ အချိန်မှရွှေ့ရင် ပြဿနာဖြစ်မှာစိုးလို့ သူတို့မလာခင်ကတည်းက ဓမ္မာရုံထဲကို ပြောင်းရွေ့ပေးလိုက်တယ်လို့ အောင်သိဒ္ဒိ ကျောင်းထိုင်က မိန့်ပါတယ်။

အလံနီကျေးရွာမှာရှိတဲ့ အောင်သိဒ္ဓိဘုန်းကြီးကျောင်းကလည်း ဆည်မြောင်း ပိုင်နက်ထဲမှာပဲ ပါဝင်ပြီး ရှေးဟောင်းဘုရားတွေရှိတာကြောင့် ဆည်စီမံကိန်းတုန်းက ရွှေ့ပြောင်းပေးရတဲ့ထဲ မပါဝင်ခဲ့တာလို့ ဆရာတော်က မိန့်ပါတယ်။

ဒုက္ခသည်တွေကို  ဓမ္မာရုံထဲရွှေ့ထားပေမယ့်  ပြဿနာရှိလာ  နိုင်သေးတယ်လို့ မိန့်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် ဗိုလ်မှူးဆန်းအောင်က ဆုံဆည်းမြိုင် ဆိုတဲ့  မြို့ရွာတည်နေတာဖြစ်လို့ သမီးလေးကျေးရွာ ဒုက္ခသည်တွကို အဲ့ဒီမှာနေဖို့ စာရင်းလာကောက်သေးတယ်လို့ ဆိုပါတယ်။ ဆုံဆည်းမြိုင် ဆိုတဲ့နေရာဟာ ကရင်ပြည်နယ်တွင်းမှာတည်ရှိပြီး ဒီကေဘီအေ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။

သမီးကလေးကျေးရွာသားတွေအတွက် နေစရာပေးနိုင်သလို အလုပ်အကိုင်လဲပေးနိုင်မယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

အစိုးရက နယ်စပ်ကို ပို့ပေးရင် သမီးကလေးကျေးရွာသားတချို့က သွာနေကြမယ်လို့ ပြောကြသလို တချို့ကလည်း အခွင့်အရေးတခုရအောင် စောင့်ကြည့်လိုသေးတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာနေ မိသားစု ၄၀၀ ကျော် လူဦးရေ ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ပဲခူးတိုင်းဒေသကြီး အလံနီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပြီး အခု ထပ်မံဖယ်ရှားခိုင်းခံရတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013