DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ခေါင်းဆောင်များအပေါ်စွပ်စွဲထားသည့် ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အပြန်အလှန်စစ်မေး
DVB
·
February 21, 2022
နိုင်ငံ့ခေါင်းဆောင်များအပေါ်စွပ်စွဲထားသည့် ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အပြန်အလှန်စစ်မေး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ကို ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးက တရားလိုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ 

တရားလို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်ကို တရားရုံးက ဆက်လက်စစ်ဆေးခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့က တရားလိုကို အပြန်အလှန် မေမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ရုံးချိန်းတုန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင်စွပ်စွဲခံရသူသုံးဦးဟာ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ပူးပေါင်းပြီး မလျော်ဩဇာသုံးခဲ့တယ်လို့ တရားလိုက စွပ်စွဲခဲ့ပါတယ်။ 

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖော်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ကြောင်းထင်ရှားရင် ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုစွဲဆိုထားတဲ့ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အမှုအတွက် ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးစတင်ပြုလုပ်ခဲ့တာပါ။

ဒီအမှုကို ရက်ပေါင်း ၁၈၀ အတွင်းအပြီး သတ်စစ်ဆေးဖို့ တရားရုံးက မှုခင်းစီမံခန့်ခွဲဆုံးဖြတ်ခဲ့ပါတယ်။

တရားလိုဘက်ကို ရက်ပေါင်း ၉၀၊ တရားပြိုင်ဘက်ကို ရက်ပေါင်း ၉၀၊ စုစုပေါင်းရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမှာဖြစ်ပါတယ်။ စစ်ကောင်စီက ဒီအမှုအတွက် တရားလိုနဲ့ လိုပြသက်သေ အယောက် ၂၀ အထိတင်သွင်းထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေထဲက အမှု ၅ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013